RSS

Tuesday, May 22, 2012

Road To မျှော်စင်ကျွန်းဖြစ်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ည အတွေ့အကြုံ

Road To မျှော်စင်ကျွန်းဖြစ်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ည အတွေ့အကြုံ

ကိုဇော်ရေ

တီ တီ တီ တီ တီ တီ ……………….. ဆိုပြီး အောင်စည်းဇိမ် လက်ဖက်ရည်ဆိုင်မှာ ညစာစားနေတုန်း ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ ချယ်ဆီးဖန် ညီငယ် အရှောင်က အကိုလာမှာလား မျှော်စင်ကျွန်းမှာ ကျွန်တော်တို့ ရောက်နေပြီဆိုတော့ အချိန်နည်းနည်း လင့်မှ သွားမလား စဉ်းစားနေတာရယ် ဘော်ဒါကြီး ကိုဇော်ကို ဖုန်းခေါ်လို့ ရဖို့ ကြိုးစားနေဆဲ ဖြစ်တာတွေရယ်ကြောင့် တုန့်နှေးနှေးဖြစ်နေရာကနေ မထူးပါဘူး လမ်းကျမှ ထပ်ပြီး ဆက်သွယ်ကြည့်မယ်ဆိုပြီး  ညီရေ အကိုလာခဲ့မယ် နည်းနည်းတော့ နောက်ကျမယ် အဆင်ပြေရင် လက်မှတ်လေး ကြိုဝယ်ပေးပါကွာဆိုပြီး ကျွန်တော်လည်း ပစ္စည်းတချို့ကို အိမ်ပြန်ယူ၊ အ၀တ်လဲပြီး အမြန်ခရီးနှင်ခဲ့လိုက်ပါတယ်။ ကျွန်တော့်ရဲ့ ဒီခရီးက Road To Munich ဆိုလည်း မဆိုနိုင်ပေဘူးလား။ ဒါပေမဲ့ တကယ့်ခရီးက Road To မျှော်စင်ကျွန်းပေါ့ဗျာ။
http://mutdfan.com/news_images/IMG_2417.JPGပြီးခဲ့တဲ့ ရာသီကြိုတုန်းက ကျွန်တော်တို့ဆီက အယ်ဒီတာတွေ မန်ယူနဲ့ ချယ်ဆီးပွဲတွေရဲ့ ပွဲစဉ်တွေကို ကွင်းထဲအထိ တိုက်ရိုက်သွားရောက်ကြည့်ရှုပြီး ဆောင်းပါးရေးတင်ပေးခဲ့သလိုမျိုး ဖြစ်စေဖို့ ကျွန်တော်လည်း အားထုတ်မယ်ဆိုပြီး Road To မျှော်စင်ကျွန်းဆိုပြီး ခပ်တည်တည်နဲ့ ထွက်လာခဲ့တာဗျ။ အမှန်တော့ ကိုဇော့်ကိုလည်း ပါစေချင်သလို အခြား ဘော်ဒါကြီး မိနိုင်ကိုလည်း ခေါ်ချင်ခဲ့တာ အမှန်ဘဲဗျို့။

ဒီနေ့က ချန်ပီယံလိဂ် နောက်ဆုံးဖိုင်နယ်နေ့၊ အနီရောင်နဲ့ အပြာရောင်တွေ စီးချင်းထိုးမည့်ည၊ သူ့မြေမှာ ဗိုလ်လုရမဲ့ စနေနေ့၊ အသင်းကြီးတွေကို တဖြုတ်ဖြုတ်ချွေခဲ့တဲ့ ဘိုင်ယန်နဲ့ ချယ်ဆီးတို့ရဲ့ ဥရောပဗိုလ် လုပွဲကြီး၊ ဒီပွဲကို ကျွန်တော် မကြည့်ရင် ဒီလို စုစုစည်းစည်းနဲ့မှ အားရပါးရ အော်ဟစ်ပြီး မကြည့်ရင် အားပေးကြတဲ့ ဖန်တွေနဲ့ စကားနည်းနည်းလောက်မှ ပြောနိုင်ခဲ့ရင်  ကျွန်တော့် တစ်သက် ယူကြုံးမရ ဖြစ်သွားနိုင်တာမို့ အိမ်က မသွားစေချင်တာကို ငြင်းဆန်ပြီး ခပ်တည်တည်ဘဲ ကန်တော်ကြီး မျှော်စင်ကျွန်းက စကိုင်းနက်ရုပ်သံက စပွန်ဆာပေးတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ တိုက်ရိုက်ထုတ်လွင့် စုပေါင်းကြည့်ရှုပွဲကို ထွက်ခွာခဲ့ပါတယ်။
http://mutdfan.com/news_images/IMG_2421.JPG

ညနေပိုင်း မိုးက သဲသဲမဲမဲ ရွာထားလို့ ပွဲများ ပျက်လေမလားထင်မိပေမဲ့ ညီငယ် အရှောင်က အကိုရေ လူတွေတော့ အများကြီးဘဲ ဒီမှာလဲ ကျွန်တော်တို့ ဖန်အုပ်စုထဲက  ၁၀ ယောက်လောက် ရောက်နေပြီ ဆိုတော့ သေချာပြီ မိုးထဲရေထဲလည်း ဇွဲမလျော့ကြမဲ့ ရဲရဲတောက် ဘောလုံးချစ်ပရိသတ်တွေ အများကြီး ရှိနေမှာကို မြင်ယောင်ရင်းနဲ့ ကန်တော်ကြီး ၀င်ပေါက်ကို ရောက်သွားခဲ့ပါတယ်။

ကိုဇော်ရေ

အချိန်က အနည်းငယ်နောက်ကျနေပြီမို့ ၀င်ပေါက်မှာ လက်မှတ်ရောင်းသူ မရှိတော့ဘဲ မျှော်စင်ကျွန်း တံတားထိပ်မှာဘဲ ရောင်းတော့တယ် ဆိုတာကြောင့် လက်မှတ်မရရင်ဖြင့် ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှေ့ဆက်လျောက်ရင်း တံတားထိပ်မှာ ကြိုစောင့်နေတဲ့ ညီငယ် အရှောင်ကို တွေ့လိုက်ရပါတယ်။ လက်မှတ်ဝယ်ပြီး ဟိုငေး ဒီငေးလုပ် လုပ်ရင်း စင်တင်တေးဂီတရှိရာကို ဆက်လက် လှမ်းလျောက်ခဲ့တယ် ကိုဇော်ရေ။ စင်မြင့်ရှေ့ကိုရောက်တော့ စကိုင်းနက်က ကံစမ်းမဲဖောက်နေတာကို မြင်တွေ့လိုက်ရပါတယ်။ ဆုရသူတွေက စကိုင်းနက် ရုပ်သံ ဖမ်းစက် ရသူရ Nivea အလှကုန်ပစ္စည်းအထုပ်တွေ ရသူရနဲ့ ပျော်ရွှင်နေတဲ့ ချယ်ဆီးဖန်တွေ ဘိုင်ယန်မြူးနစ်ဖန်တွကို မြင်တွေ့လိုက်ရ့ပါတော့တယ်။
http://mutdfan.com/news_images/IMG_2395.JPGhttp://mutdfan.com/news_images/IMG_2399.JPGhttp://mutdfan.com/news_images/IMG_2441.JPG

ခဏကြာတော့ ကျားပေါက်က သီးချင်းထွက်ဆို အားလုံးကလည်း သံပြိုင်လိုက်ဆို၊ အာဇာနည်ထွက်လာတော့ အာကြီး အာကြီးနဲ့ ဆူညံပွက်လောရိုက်လို့၊ ကွင်းတစ်ခုလုံး အုံအုံကြွက်ကြွက်ပါဘဲ။ မိုးရိပ်လာနေတာကို မြင်လိုက်ရပေမဲ့ ညနေက မိုးလောက်တော့ မရွာလောက်တော့ပါလို့ ကိုယ်လိုရာ ကိုယ်တွေးရင်း ချယ်ဖန် တစ်အုပ်နဲ့ ကျွန်တော်ဟာ လက်ဆွဲနှုတ်ဆက်ရင်း ဓါတ်ပုံစုပေါင်း ရိုက်ဖြစ်လိုက်ပါတယ်။

အဲဒီအချိန်မှာ ….

ဟိုက်  …. ဆိုပြီး တချက် အသံထွက်မိအောင် အံ့အားသင့်စရာ မြင်ကွင်း တစ်ခုကို တွေ့လိုက်ရတာက ချယ်ဆီးဖန် MCFC Facebook Group ထဲက အသိ ကောင်မလေး တစ်ယောက်ကို မြင်လိုက်ရတာပါဘဲ။ ကျွန်တော် မှတ်မိသလောက်တော့ သူနာမည်က ချစ်ချစ်ထင်တယ်။ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဖန်ညီမလေး တစ်ယောက် တယ်ဟုတ်ပါလားလို့ တွေးလိုက်မိတယ်။ တစ်ယောက်ထဲ ဒါပေမဲ့ ခြင်္သေ့ကွ ဆိုပြီး မိုးလင်းပေါက်ဖြစ်မဲ့ ဒီပွဲကို ယောင်္ကျားလေးတွေနဲ့ တန်းတူ ယှဉ်တွဲကာ လာအားပေးတာ ခင်ဗျားတို့ ကျွန်တော်တို့ မချီးကျူးသင့်ပေဘူးလား။ မောင်နှရင်းပမာ ရိုင်းပင်းချစ်ကြည်နေကြတဲ့ ဒီအုပ်စုလေးနဲ့ စကားပြောရင်းကနေ အစောကဘဲ နောက်ထပ် ချယ်ဆီးဖန် မိန်းခလေး တစ်ဦး ကတော့ ပြန်သွားတယ်တဲ့။
http://mutdfan.com/news_images/IMG_2435.JPG
အဲ … ကျန်သေးတယ်…  မန္တလေးကနေ အိမ်ကမသိအောင် ရန်ကုန်ကို လာပြီး ဒီပွဲကို လာကြည်တယ်ဆိုတဲ့ နာမည်မေ့သွားတဲ့ ချယ်ဆီးအသင်း အားပေးသူ ညီငယ် တစ်ယောက်ကိုလည်း အရှောင်တို့ မိတ်ဆက်ပေးလို့ သိလိုက်ရတာပါ။ ချယ်ဆီးဖန်တွေ အတော်များများကတော့ ပါးတွေ လက်တွေ ရင်ဘတ်တွေမှာ ချယ်ဆီးအလံ လိုဂို တံဆိပ်တွေ ကပ်လို့ အတော်လေးကို အားတက်သရော ရှိနေတာများ မမြင်လိုက်ရသူတွေ ကြည်နူးအောင် ကျွန်တော့် ရင်ထဲက ကြည်နုးပိတိဖြစ်မူကို ဘယ်လို ချပြ ရေးရမလဲ စဉ်းစားလို့မရနိုင်ပါဘူး။ တချို့တွေဆို မျက်နှာတစ်ခုလုံး ချယ်ဆီးအရောင်တွေနဲ့ ခြယ်ထားပြီး ဟန်အပြည့် မာန်အပြည့်နဲ့ သူ့စိတ်ထဲမယ် မြူးနစ်မြို့ကွင်းထဲ ရောက်နေတယ်လို့ ထင်တယ်ဆိုရင်လည်း ကျွန်တော်တို့ မရီသင့်တာ အမှန်ဘဲ မဟုတ်လားဗျာ။ အဲဒီလိုဘဲ ဘိုင်ယန်ဖန်တွေကလည်း ဘိုင်ယန် အကျီကို ၀တ်လို့ အားပေးကြာတာကို မြင်ရပေမဲ့ ဘိုင်ယန်ဖန် စစ်စစ်တွေ ဟုတ်ပါလေစလို့တော့ တွေးမိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ပရီးမီးယားလိဂ်က ထိပ်သီးငါးသင်းနဲ့ စီးရီးအေက နှစ်သင်း၊ လာလီဂါက နှစ်သင်း အဲဒီလောက်ကိုဘဲ အားခဲပြီး အားပေးလာကြတာ ဒုနဲ့ဒေးပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ပြောရမလား အဲဒီခေတ် အဲဒီကာလက အစိုးရရုပ်သံကြောင့် ဘွန်ဒတ်လီဂါဆိုတာကို  မစိမ်းပေမဲ့ အားပေးသူ မရှိသလောက်လို့ဘဲ ကျွန်တော်ကတော့ ယုံကြည်ထားမိတယ်လေ။ နောက်ပိုင်း အင်တာဗျူးအတိုလေးတွေ ပွဲကြို လိုက်မေးလိုက်တော့မှ ကျွန်တော် ထင်တာ ကွက်တိ ဖြစ်နေခဲ့တယ်။ အဲဒီ ဘိုင်ယန်ဖန်ဆိုတဲ့ အများစုက မန်ယူဖန်တွေ ဖြစ်ပြီး အာကြီး လီဗာပူးလ်နဲ့ ဘာကာဖန်တွေလည်း ပါဝင်ကြတယ်။ ကဲ ဘာပြောကြမလဲ သူတို့လည်း စိတ်ကြိုက် အားပေးပိုင်ခွင့် ရှိတာဘဲကိုး။ ဘာမှ မပြောကြနဲ့ပေါ့် ဟုတ်တယ်မဟုတ်လား။ တချို့လည်း ချယ်ဆီးဖန်မဟုတ်ပေမဲ့ ချယ်ဆီးကို ဒီည အားပေးကြတာ အကျီတွေ ဦးထုပ်တွေကိုတောင်မှ ချယ်ဆီး တံဆိပ်တွေနဲ့ မဟုတ်ပါလား။
http://mutdfan.com/news_images/IMG_2424.JPG
MCFC Facebook Group မှ ချယ်ဆီးဖန်များ

 ကိုဇော်ရေ

လာအားပေးကြတဲ့ ထောင်ဂဏန်းမျှ ရှိတဲ့ ဘောလုံးချစ် ပရိသတ်အားလုံးရဲ့ မျက်နှာမှာလည်း အပြုံးတွေ ကိုယ်စီနဲ့ အတော်လေးကို ခိုင်မာတဲ့ ယုံကြည်ချက် ကိုယ်စီ ရှိနေကြတာကို ကျွန်တော် မြင်တွေ့ခဲ့ရသလို ပြန်မြင်ယောင်မိတာတွေကို စာရေးရုံနဲ့ မလုံလောက်မှာစိုးလို့ စာဖတ်သူ ပရိတ်သတ်တွေအားလုံးကို ကျွန်တော့် မျက်လုံး သူငယ်အိမ်က Memoryကို ထုတ်ပြီးသာ ပြလိုက်ချင်ပါတော့တယ်။ ချယ်ဆီးးးးးးးးးးးးးးးးဟေ့   ဘိုင်ယန်ဟေ့   ဆိုပြီး အော်ဟစ် အားပေးနေကြတဲ့ ပရိသတ်တွေရဲ့ အသံတွေ ၀င်ပေါက်က အမှတ်တရ ဓါတ်ပုံရိုက်နေကြတာတွေ အုပ်စုလိုက် မှတ်တမ်းတင် ဓါတ်ပုံရိုက်နေကြတာတွေ မြင်ရတာကိုလည်း ဒီပွဲကို မတက်ရောက်နိုင်ကြတဲ့ ပရိသတ်တွေအတွက် ကျွန်တော်လည်း မှတ်တမ်းဓါတ်ပုံတွေ တဖျက်ဖျက်ပေါ့။
http://mutdfan.com/news_images/IMG_2410.JPG
Niveaမှ အလှမယ်လေးများ

အာဇာနည် သီချင်းဆိုပြီးတော့ Dancer အဖွဲ့တွေက က၊ အရှေ့တောင်အာရှ ဆီးဂိမ်း (မြန်မာ)အတွက် ကြိုတင်ရေးစပ်ထားတဲ့ သီချင်းကို ဖွင့်ပြနဲ့ စကိုင်းနက် ရုပ်သံကလည်း အမျိုးအမျိုး အဖုံဖုံ သူ့ပရိသတ်တွေကို ပေးဆပ်နေခဲ့ပါတယ်။ အားပေးသူလည်း ရှိသလို ဘာတွေ ဖွင့်မှန်းမသိလို့ ပြောသူတွေလည်း ရှိခဲ့တယ် ကိုဇော်ရေ။ အမှတ်တမဲ့နဲ့ နာရီကို တစ်ချက်ကြည့်လိုက်တော့ ၁ နာရီထိုးဖို့ ၁၀ မိနစ်ကို ရောက်နေပြီ။ ကျွန်တော်လည်း နေရာယူမှ ဖြစ်မယ်လို့ စဉ်းစားမိပေမဲ့ ဟိုလူ့ အင်တာဗျူး ဒီလူ့ကို ဓါတ်ပုံရိုက်လိုက်နဲ့မို့ နေရာက အရေးမကြီးဘူး မှတ်တမ်းကသာ အရေးကြိးတယ်ဆိုပြီး ကျန်တဲ့ အာရုံဖယ်လို့ လက်ထဲက ကင်မရာကိုဘဲ တွင်တွင်ကြီး အလုပ်တွေ ဆက်ပေးနေခဲ့မိတယ်။
ကိုဇော်ရေ

ဒီလို ညည့်နက်ကြီးမှာ ပြတဲ့ ကန်တော်ကြီးလိုနေရာမျိုးမှာ ကြည့်ရတဲ့ Champion League Final Live Show ပွဲကြီးကို လာကြည့်ကြတဲ့ သူတွေထဲမှာ မိန်းခလေး အတော်များများလဲ ပါဝင်တာကို တွေ့ခဲ့ရတယ်။ မိန်းခလေးတွေဟာ အုပ်စုလိုက် လာအားပေးတာကို တွေ့ခဲ့ရသလို ချစ်သူစုံတွဲတွေလည်း ပါဝင်ခဲ့ကြပါတယ်။ စကိုင်းနက်ရဲ့ Model Girl တွေကလည်း အတော်လေး လှကြသလို တောင်အာဖရိက ကမ္ဘာဖလား ပြိုင်ပွဲတုန်းက ဘာကာက နောက်ခံလူ ပီကေးရဲ့ ချစ်သူ ရှာကီရာ ဆိုသွားတဲ့ ၀ါကာ ၀ါကာ သီချင်းကို Dancer အဖွဲ့တစ်ဖွဲက ဆိုသွားကသွားတာကလည်း ရင်တုန်လှိုက်မောစရာပါဘဲ။
http://mutdfan.com/news_images/IMG_2453.JPGချယ်ဆီးဘဲ နိုင်မယ်၊ ဟဟဟဟ ချယ်ဆီးက ဘာအဆင့်ရှိလို့လဲ၊ ဘိုင်ယန်ခြေဖျားတောင် မှီမှာမဟုတ်ဘူး၊ တစ်ဂိုးတောင် သွင်းနိုင်မှာ မဟုတ်တဲ့ ချယ်ဆီးပါကွာ၊ ကျွန်တော်ကတော့ ချယ်ဆီး ရှုံးရှုံးနိုင်နိုင် ချယ်ဆီးဘဲ အစရှိသဖြင့်ပေါ့ ပြောကြဆိုကြသံတွေကလည်း နားနဲ့ မဆံအောင်ပါဘဲ။ ဘီယာရှိန်နဲ့ ပျော်ရွှင်မြူးတူး ကခုန်နေသူတွေကလည်း သူတို့ တင်ဆက်မှုက ၀ါကာ ၀ါကာ ထက်တောင် သာသလိုလိုပေါ့ ပြောရရင် ဒီညအတွက် သူတို့သည်သာ အကောင်းဆုံးလိုလိုပေါ့။

ဒီလိုနဲ့ ဖိုင်နယ်ပွဲကြီး စတင် ကစားပါတော့တယ်။ နှစ်ဘက်ကစားသမားတွေဟာ ကွင်းထဲမှာ ဒိုင်လူကြီးတွေ၊ နှစ်ဘက်အသင်း အကျီဝတ်ထားတဲ့ ကလေးငယ်တွေပါ တန်းစီ သီချင်းဆို နှုတ်ဆက်ပြီး ကွင်းရဲ့ ကိုယ်ရတဲ့ အခြမ်းတွေမှာ နေရာယူလို့ လန်ဒန်သားနဲ့ မြူးနစ်သားတို့ စီးချင်းထိုးပွဲဟာ စတင်လိုက်ပါတော့တယ်။ ပွဲစတယ်ဆိုရင်ဘဲ တဖက်နဲ့ တဖက်ဟာ သွေးတိုးစမ်းတဲ့အလား နှစ်ဘက်လုံး ထိုးဖောက်တိုက်စစ်ဆင်မှုတွေပြုခဲ့ကြပြီး ပထမပိုင်း ပွဲချိန် ပြီးဆုံးတဲ့အထိ ဂိုးမရှိဖြစ်ခဲ့ကြပါတယ်။ တီဗီဖန်သားပြင် အကြီးကြီးနဲ့ ကြည့်ရတာ အားရစရာ အတော်လေး ကောင်းပြီး ကြည်လင်ပြတ်သားလှတဲ့ ရိုက်ချက်တွေကြောင့် ပွဲဟာ အေးသယောင်ရှိပေမဲ့ အတွင်းစိတ်မှာတော့ အတော်လေး ပူလောင်နေကြတာကို ကျွန်တော် ရိပ်စားမိလိုက်ပါတယ်။ ဟာာ … ဟင်…. တောက် မှတ်ပလား… တော်ပလား ၃ ဂိုး ၁၀၀ ကွဆိုပြီး ရီဘာရီနဲ့ ရော်ဘင်ကို နောက်ပြောင်နေတဲ့ ချယ်ဆီးဖန်တွေရဲ့ အော်ဟစ်သံတွေက ဘိုင်ယန်ကို ကိုယ်စားပြု လာအားပေးကြတဲ့ ပရိသတ်တွေရဲ့ ဟေးး ဟာာာာာ  အစရှိတဲ့ မချိတင်ကဲ အသံတွေကို ဖုံးအုပ်သွားစေတာကတော့ အမှန်ပါဘဲ။ ဘီယာအရှိန်က တမျိုး အားပေးရင်း  စိတ်မရှည်တော့တာက တမျိုးကြောင့်ထင်တယ် ချယ်ဆီးဖန်တစ်ယောက်ကတော့ ဘိုင်ယန်ဖန် တစ်စု ရှိရာဘက်ကို လက်ညိုးငေါက်ငေါက် ထိုးရင်း ပြောနေလိုက်တာများ ပြဇတ်ထဲက ဇာတ်ကွက်တစ်ပုဒ်လိုပါဘဲ ကိုဇော်ရေ။
ကာလူးရဲ့ ညာထောင့်ကျဉ်းထဲ သွင်းချက်ကို နူအာ ကာကွယ်လိုက်လို့ တောက် တစ်ချက်တချက် ဖြစ်နေတဲ့ ချယ်ဆီးဖန်တွေရဲ့ ရင်ထဲမှာ ဘိုင်ယန်ရဲ့ ဖိအားကြောင့် ဘယ်လောက်များ သောက များနေမလဲလို့ သူတို့ မျက်နှာကို တခါတခါ လိုက်လိုက်ကြည့်မိပြန်တယ် ကိုဇော်ရေ။ ဘိုင်ယန်ရဲ့ ကန်ချက်တွေ အလိမ်အခေါက်တွေကို အားရပါးရ အားပေးချင်ပေမဲ့ ရေများရေနိုင် မီးများ မီးနိုင်တော့ ဖြစ်သွားခဲ့ရတဲ့ အတွက် ဂျာမန်ကလပ်ကို အားပေးတဲ့ ဘိုင်ယန်ကိုယ်စားပြုဖန်တွေအတွက် ကြည့်တချက်တိုင်းမှာ စိတ်မကောင်း ဖြစ်မိပြန်တယ် ကိုဇော်ရေ။ ဘာဘဲဖြစ်ဖြစ် အားလုံးဟာ ဘောလုံး အားကစားကို ချစ်မြတ်နိုးကြတဲ့ သူတွေဘဲ မဟုတ်လားဗျာ။ ပထမပိုင်း ပြီးသွားတော့ ဟိုတစု ဒီတစုနဲ့ ပထမပိုင်း အကြောင်း သုံးသပ်ဖလှယ်နေကြ တချို့ကလည်း ရေငတ်ပြေရာ ပြေကြောင်း ရှာဖွေဖို့ အ၀င်ဂိတ်ဖက် ခြေဦးလှည့်ကြပေါ့ဗျာ။

မိုးထဲရေထဲ သူတို့ မပြန်ကြဘဲ ဆက်လက်အားပေးခဲ့ကြတယ်

မိုးဖွဲတွေက ပထမပိုင်း မပြီးခင်ကတည်းက ဖွဲတဲဖွဲတဲ ကျနေတာ ဒုတိယပိုင်းလည်း ရောက်ရော နည်းနည်းချင်း များလာလိုက်တာ အားလုံးအတွက် ကြည့်ရတာ အခက်အခဲတွေ အထိုက်အလျောက်တော့ ဖြစ်လာတာ အမှန်ပါဘဲ။ အမိုးအကာမရှိ လေဟာပြင်ထဲမှာ ကြည့်ရတာ ဖြစ်တဲ့အတွက်ကြောင့် သာမန် စတိတ်ရှိုး ဒါမှမဟုတ် ပွဲခင်း တစ်ခုဆိုလျှင်တော့ ပရိသတ်တွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်မှာ မှန်ပေမဲ့ ဘောလုံးချစ် ပရိသတ်တွေကတော့ လာတဲ့မိုး ဂရုပင် မစိုက်အားခဲ့ကြပါဘူး။ မိုးအနည်းငယ် သည်းလာတော့မှ အရိပ်ဘက်သွားစုသူက စု၊ ထီးအောက် စုပြီး ခိုသူခို၊ ကြော်ငြာဗီနိုင်းအစတွေကို ဆွဲခွာပြီး အမိုးလုပ် အခင်းလုပ်ပြီး မိုးထဲရေထဲ ဆက်လက်ပြီး ကိုယ်အားပေးတဲ့အသင်း အောင်မြင်ဖို့အရေး ရင်တထိတ်ထိတ်နဲ့ ဆက်လက် အားပေးနေခဲ့ကြတာကို မြင်ခဲ့ရတယ် ကိုဇော်ရေ။

တကယ်ပါ ကိုဇော်ရေ …

ဘောလုံးအားကစားကို မချစ်သော်လည်း ချစ်သူကြောင့် လိုက်ပါလာကြတဲ့ ကြင်သူ တချို့ကတော့ သူတို့ရဲ့ ပိုင်သူကိုယ်စီရင်ခွင်ထဲမှာ တမှေးမှေးရင်း ဆက်လက် အားပေးသွားကြတာကိုလည်း မြင်တွေ့ခဲ့ရတယ် ကိုဇော်ရေ။ အဲဒီလိုနဲ့ ချယ်ဆီးနောက်ခံလူ အက်ရှ်လေကိုးလ်နဲ့ လူးဝစ်တို့ရဲ့ ပေါ့ဆမှုကနေ ပီတာချက်ရဲ့ အမှတ်တမဲ့ အနေအထားကြောင့်  ဘိုင်ယန်ဘက်က မူလာက မြေစိုက် ခေါင်းတိုက်ပြီး ဗွေဆော်ဦးဂိုးကို သွင်းယူလိုက်ခ်ျိန်မှာတော့ အသင်းကြီးတွေပီပီ အခွင့်အရေး တစ်ချက် သို့မဟုတ် အမှားတစ်ချက်ဟာ သိပ်ကို အရေးကြီးလှတာဟာ သင်ခန်းစာအဖြစ် မြင်လိုက်ရပြန်ပါတယ်။ မူလာတို့ တသိုက် အောင်ပွဲခံ ပျော်ရွှင်နေချိန်မှာ ချယ်ဆီးဖန်တွေ တိတ်လို့ ဆိတ်လို့၊ ဘိုင်ယန်ဖန်တွေကတော့ ကလို့ ခုန်လို့ပါဘဲ။ ကျွန်တော် အင်တာဗျူးခဲ့တဲ့ ဒီကနေ့ ဘိုင်ယန်ကို အားပေးမယ် ဆိုတဲ့ မန်ယူဖန်အားပေးသူ တစ်ယောက်ရဲ့ အသံကတော့ မိုးတဆုံး မြေတဆုံးလို့ ပြောရမလားပါဘဲ ကိုဇော်ရေ။ သူ့မှာလည်း ရင်းနှီးထားရတာတွေ များတယ်လို့ ပွဲမစခင်က ပြောဖူးတော့ သူရဲ့ ပျော်ရွှင်မှုက သူ့အတွက် အတိုင်းမသိ ဖြစ်သင့်ပါတယ် ကိုဇော်ရေ။

အဲဒီနေ့အတွက်တော့ ဘိုင်ယန်စုံတွဲပါ ဒါပေမဲ့ တကယ်တော့အာကြီးနဲ့ ကြိုးကြာမလေးပါ
http://mutdfan.com/news_images/chitchit.jpgသိပ်မကြာပါဘူး ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာ ချယ်ဆီးရဲ့ ဗိုလ်လုပွဲတိုင်းလိုလို ဂိုးသွင်းနေကျဖြစ်တဲ့ ဒရော့ဘာကလည်း မူလာသွင်းသွားတဲ့ ထောင်နေရာကဘဲ နူအာကို စွံအသွားအောင် ခြေပဂိုးသွင်းလိုက်ပြန်ပါတယ်။ ဒီအချိန်မှာတော့  ဘယ်သူတွေ ရူးလောက်အောင် ပျော်သလဲဆိုပြီး ကျွန်တော် စကားဝှက်လုပ်ရင် ကိုဇော်က ဟဟဟဟ ဆိုပြီး ထရီမှာကို မြင်ယောင်မိတယ်ကိုဇော်ရေ။ တကယ်ပါဘဲ ပွဲကြည့်စင်သာ သံတွေနဲ့ မလုပ်ရင် မြေပြင်ဟာ ရိုးရိုးသာမာန် မြေကြီးသာ ဖြစ်ခဲ့ရင် ပွဲကြည့်စင်လည်း ကျိုး၊ မျှော်စင်ကျွန်းလည်း ကန်တော်ကြီးအောက် မြုပ်တောင် သွားနိုင်တယ်လို့ တင်စားလို့ ပြောလိုက်ချင်တယ် ကိုဇော်ရေ။ မူလာရဲ့ ဂိုးကြောင့် စိတ်ဓါတ်ကျနေသွားတဲ့ ချယ်ဆီးကစားသမားတွေနဲ့ ပရိသတ်တွေအား ပြန်လည်ပြီး အားပြန်ပြည့်လာသလို အပြာရောင် လူတသိုက်ဟာ ထိုးဖောက်မှုတွေ ဆက်တိုက် ပြန်လည်ပြီး လုပ်လာနိုင်ပါတယ်။ ကာလူးနေရာမှာ တောရက်စ်ကို ထည့်ပြီး မကြာဘူး ဒရော့ဘာဟာ ဒီဂိုးကို သွင်းယူခဲ့တာလေ။ ချယ်ဆီးနဲ့ နောက်ဆုံးနှစ်လို့ ပြောရမဲ့ ဒရော့ဘာရဲ့ အပြာရောင်နောက်ဆုံးပွဲစဉ်အတွက် သူလည်း ဘယ်လောက်တောင်ကြည်နူးနေမလဲဆိုတာ သူ့ရဲ့ မျက်နှာပေးကို ကြည့်ရင် သိသာတယ်ဆိုတာ ကိုဇော်လည်း အိမ်ကနေကြည့်ရင် မြင်လိုက်မိမယ် ထင်ပါတယ်။

မျှော်စင်ကျွန်း တစ်ခုလုံးလည်း ချယ်ဆီး ချယ်ဆီးဆိုပြီး သံပြိုင် အော်ဟစ်သံတွေ ပွက်ပွက်ညံနေလိုက်တာ ကျွန်တော်တောင်ကြက်သီးထသွားမိပါတယ်။ အဲဒီမှာဗျာ မျှော်စင်ကျွန်းလုံခြုံရေးတွေ နည်းနည်းတော့ အလုပ်ရှုပ်သွားတယ် ကိုဇော်ရေ။ ဖြစ်ပုံက ချယ်ဆီးဂိုးသွင်းလို့ အောင်ပွဲခံတာ အနောက်ကနေ ရေသန့်ရေခဲတုန်းတွေနဲ့ အရှေ့က လူတွေရဲ့ ခေါင်းတွေပေါ်ဆီ လှမ်းလှမ်းပြီး မိုးရွာသလို ပစ်တာဘဲဗျိုံ့။ ရေခဲ  ခေါင်းပေါ်ကိုကျလို့ နာလို့ ပွတ်နေတဲ့သူကိုတောင် လှမ်းမြင်လိုက်ရသေးတယ်လေ။ အဲဒီမှာတင် လုံခြုံရေးက အဲဒီရေခဲတွေကို သွားသိမ်းလိုက်ကြတယ်။ တဖက်ကလည်း မပေးချင် ပေးချင်နဲ့ ပေးလိုက်တာကို တွေ့ရလိုက်သဗျ။ အဖမ်းအဆီးတော့ မရှိခဲ့ပါဘူး။

ပျော်ရွှင်နေသည့် ဘိုင်ယန်မြူးနစ်ပရိသတ်များ

သိပ်မကြာပါဘူး ဒရော့ဘာအဖျက်ကြမ်းလို့ ရီဘာရီ နာသွားခဲ့ရပြီး ကွင်းပြင်ကို ထွက်သွားလိုက်ရတယ်။ အဲဒီ ပြစ်ဒါဏ်အဖြစ် ချယ်ဆီးဟာ ပယ်နယ်တီပေးခဲ့ရပြီး တချိန်က အပြာရောင်တို့ရဲ့ အချစ်တော်ဖြစ်ခဲ့ဖူးတဲ့သူ သို့မဟုတ် သောကြာနေ့က သတင်းတစ်ပုဒ်မှာ တွေ့လိုက်တဲ့ ချယ်ဆီးကို လက်စားချေမယ်လို့ ကြုံးဝါးနေတဲ့ ရော်ဘင်ဟာ သွင်းယူခဲ့ပါတယ်။ ကစားဖော်ဟောင်း ပီတာချက်ရဲ့ လက်တဆန့် ပုတ်ထုတ်ပြီး ၀မ်းဗိုက်အောက် ပြန်ထည့်လိုက်တာကြောင့် ရော်ဘင်ခမျာ ပွဲသိမ်း အနိုင်ဂိုး ဖြစ်သွားနိုင်တဲ့  အနေအထားကနေ ငိုမဲ့မဲ့ ဘ၀ကို ဖြစ်သွားခဲ့ရတာကို ကြည့်ပြီး စိတ်တောင် မကောင်း ဖြစ်မိတယ်။ ချယ်ဆီးရဲ့ ကံကြမ္မာဟာ အများထင်သလို ဖြစ်မလာတော့သလိုပါဘဲ။ ပွဲပြီးဖို့ နောက်ဆုံး စက္ကန့်နဲ့ အောင်ပွဲဖြစ်သွားနိုင်တဲ့ ဒရော့ဘာ ကန်ခဲ့တဲ့ ပြစ်ဒါဏ်ဘောဟာလည်း အချိန်ပိုဆီကို ဆက်သွားဖို့ မိုးပေါ်ကို ထောင်သွားခဲ့ပြန်ပါတယ်။ ဒီနောက်မှာတော့ ဒိုင်လူကြီးရဲ့ ၀ီစီသံနဲ့ ချယ်ဆီးဖန်တွေရဲ့ တောက် တခေါက်ခေါက်သံဟာ ထပ်တူထပ်မျှအလား ထင်ရလောက်အောင် ကြိတ်မနိုင်ခဲမရဖြစ်သွားကြတာကို မြင်လိုက်ရတယ် ကိုဇော်ရေ။

အချိန်ပိုကန်တော့ အားလုံးဟာ ထိုင်နေတဲ့သူ မရှိသလောက် ဖြစ်သွားကြပြီး လက်အုပ်ချီကာ စိတ်လှုပ်ရှားလာကြတယ်ဗျာ။ တခြားအသင်းကို အားပေးကြတဲ့ သူတွေတောင် အတော်လေး ရင်ခုန်အောင် လုပ်နေပါလား ချယ်ဆီးရေ။ သွားပြီ ဘိုင်ယန်မှာ Lucky ခမ်းသွားပြီ အစရှိသဖြင့် ပြောလာကြတယ်။ အဲဒီလိုနဲ့ အချိန်ပို ဒုတိယပိုင်းရောက်တော့ မိုးကလဲ အတော်လေးကို စဲသွားပါပြီ။ တိတ်သလောက်ရှိပြီ ဖြစ်လို့ ထီးပိတ်သူက ပိတ်နဲ့ နောက်ထပ် ရင်ခုန်သံကို ဆွဲခေါ်သွားတဲ့ ဝေလီဝေလင်းနဲ့ ကောင်းကင်ယံမှာ အလင်းရောင်ပါတဲ့ တိမ်တိုက်တွေ တစိုးတစနဲ့လည်း မြင်လာနေရပြီဗျ။

အောင်ပွဲခံနေသည့် ချယ်ဆီးဖန်များ
ကိုဇော်ရေ

ဒီညဟာ ဗိုလ်လုပွဲည ဖြစ်တာမို့ တန်တယ်ဟေ့ ပယ်နယ်တီ  အဆုံးအဖြတ်ဘဲ ဖြစ်မှာပါ ဆိုပြီး ကြိုတင်အတွေးနဲ့ ရင်ခုန်နေကြသူတွေရဲ့ စကားသံ နားနဲ့ ကြားရသလောက်ဆိုရင် 70% လောက်တောင် ရှိမယ် ထင်ရတယ်ကိုဇော်ရေ။ ကဲ အချိန်ပိုဆီကိုလည်း ရောက်ရော ကင်မရာရဲ့ ရိုက်ချက်တွေဟာ ကစားသမားတွေကို အနီးကပ် ပိုပြီး ရိုက်လာတာကို တွေ့ရတယ် ကိုဇော်ရေ။ ကျွန်တော် အစပိုင်းမှာတုန်းက ပြောတဲ့ ချယ်ဖန်သူရဲကောင်းမလေး ချစ်ချစ်ကတော့ ဟယ် လမ်းပတ်လေးက ချစ်စရာလေး ဆိုတာကို ထပ်နေတော့တာဘဲ။ တကယ်လည်း ချယ်ဆီး ကစားသမားတွေရဲ့ မျက်နှာပြင်ဟာ ဧည့်သည်အသင်းသားတွေ ဆိုပေမဲ့ အရင်ဖိုင်နယ်ပွဲတွေတုန်းကနဲ့ မတူ အတော်လေးကို ကြည်လင်လန်းဆန်းနေတာကို တွေ့လိုက်ရတယ်။ တဖက် ဘိုင်ယန်ကျတော့ အိမ်ရှင်ဆိုတဲ့ ဖိအားဝန်ကို ကောင်းကောင်းကြီး ခံနေရတယ်လို့ ကျွန်တော်တော့ မြင်လိုက် သုံးသပ်လိုက်မိတယ်။ ချယ်ဆီးအသင်းဟာ ဒီကနေ့ ကစားသွားတဲ့ ပွဲစဉ်တစ်ခုလုံး ခံစစ်ကစားစဉ်ရော တိုက်စစ်ဆင်နေချိန်ပါ အတော်လေးကို အမှားနည်းနည်းနဲ့ ယုံကြည်စိတ် အပြည့်အ၀ ရှိနေတဲ့ ဟန်ကို မြင်လိုက်ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပယ်နယ်တီ ကန်ချိန်မှာ ချယ်ဆီးအတွက် ဆုပါတောင်းပေးလိုက်မိတယ် ကိုဇော်ရေ။ အားလုံးလည်း အတော်လေးကို တိတ်ဆိတ်ပြီး ဆုတောင်းနေကြတာကို တွေ့ရတယ်။ မာတာရဲ့ ပထမဆုံး ကန်ချက် လွဲလိုက်ချိန်မှာတော့ သရဲတဘက်များ တွေ့လိုက်လေလား ထင်ရလောက်အောင် မျှော်စင်ကျွန်းပေါ်က လူသားအတော်များများ ကြက်သေသေသွားခဲ့ကြတယ် ကိုဇော်ရေ။ တကမ္ဘာလုံးက ချယ်ဆီးဖန်တွေလည်း ဒါကို ထပ်တူဖြစ်ခဲ့ကြမယ်လို့ ကျွန်တော်တောင် အတွေးပေါက်မိတယ်။ သိသမျှ ဂါထာအကုန်ကို မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း အပြီး ရွတ်ဆိုဖို့တောင် ကြိုးပမ်းအားထုတ်လာခဲ့ကြမယ် ထင်ပါတယ်။ ရှဝိန်စတိုင်ဂါနဲ့ အိုလစ်တို့လည်း ဂိုးမရ ဖြစ်ရော ကွင်းတစ်ခုလုံး ချယ်ဆီး ချယ်ဆီး ဆိုတဲ့ ကြားနေကျ သံပြိုင်ဟစ်ကြွေးသံဟာ ရုတ်ချည်းဆိုသလို ပြန်လည် အော်ဟစ်ရင် ဆူညံလာပါတယ်။ ဇာတ်ရှိန်ရဲ့ အတက်အကျရဲ့ အမြင့်ဆုံးTempoကို နောက်ဆုံး ကပြအသုံးတော်ခံသွားသူကတော့ ဒရော့ဘာရဲ့ နောက်ဆုံး ပယ်နယ်တီသွင်းဂိုးပါဘဲ ကိုဇော်ရေ။ ဒရော့ဘာရဲ့ နောက်ဆုံး သွင်းဂိုးလည်း ရောက်ရော ကွင်းထဲ ပတ်ပြေးသူတွေရော ခုန်ပေါက် ကခုန်သူတွေရော ထီးကို ပစ်ချ အကျီကို ဝှေ့ယမ်းနဲ့ ပျော်ရွှင်ခြင်း ရသကို ပရိသတ်အတော်များများဟာ ရင်ထဲ ရှိသလာက် အစွမ်းကို ဖွင့်ချ လိုက်ကြပါတော့တယ် ကိုဇော်ရေ။
http://mutdfan.com/news_images/IMG_2397.JPGhttp://mutdfan.com/news_images/IMG_2417.JPG
မိုးထဲရေထဲလည်း အားပေးသူ မလျော့ခဲ့တဲ့ ဖိုင်နယ်ည

ဟုတ်တယ် ကိုဇော်ရေ။

အဲဒါကတော့ ကျွန်တော် သွားရောက်ခဲ့တဲ့ Road To မျှော်စင်ကျွန်းက ပေးတဲ့ အမြင့်ဆုံး ခံစားမှု ရသပါဘဲ။ တကြိမ်တခါမှ မရဖူးသေးတဲ့ ဒီချန်ပီယံလိဂ်ဖလားကြီိးကို ချယ်ဆီးအသင်းဟာ ရယူသိမ်းပိုက်လိုက်နိုင်လို့ ငိုကြွေးနေတဲ့ ဘိုင်ယန်ကစားသမားတွေနဲ့ ပရိသတ်တွေကို ပုထုဇဉ်ပရိသတ်များပီပီ လှောင်ပြောင်နေခဲ့ကြတာကိုလည်း မြင်ခဲ့ရပြန်တယ် ကိုဇော်ရေ။ ဆုဖလားပေးပွဲ မတိုင်မှီ အကဲပိုနေတဲ့ ဘိုစင်ဝါးရဲ့ ကခုန်နေပုံကတော့ အက်ဖ်အေဖလားပွဲတုန်းက ပုံအတိုင်းပါဘဲ။ တောရက်စ်နဲ့ လူးဝစ်ကလည်း ဂိုးဘားပေါ်တက်လို့ ပရိသတ်ကို လက်ဝှေးယမ်းနေတာကလည်း အတော်လေးကို ကြည်နူးစရာပါဘဲ။ ဒရော့ဘာကြီး ပရိသတ်ကို လိုက်လံဦးညွှတ်နေတာတွေ့တော့ ချယ်ဆီးနဲ့ ဒရော့ဘာတို့ လမ်းခွဲတော့မှာ သေချာပြီလို့ ကျွန်တော်လည်း ယုံကြည်လိုက်မိတယ် ကိုဇော်ရေ။ တကယ်ပါဘဲ။ အားလုံးလည်း လက်ခံကြမယ် ထင်ပါတယ်။ ဒရော့ဘာဟာ ချယ်ဆီးရဲ့ အခရာကျဆုံး Icon ပါ။ Hero ပါ။ ပြောမပြနိုင်လောက်တဲ့ အမွမ်းတင်ခြင်းတွေနဲ့ သူ့ကို ဂုဏ်ပြုသင့်တဲ့သူဆိုရင်လည်း မမှားဘူးလို့ ရုပ်သံ တိုက်ရိုက်လွင့်တာကို ကြည့်ရင်းကနေ ကျွန်တော်အတွေးတွေ လွင့်ပျံသွားလိုက်ပါသေးတယ်။
ငိုကြွေးခြင်းကို အဆုံးမသတ်နိုင်၊ အိမ်ရှင်လည်း ဖြစ်တာမို့ ခံစားချက် ပိုပြီး ရသွားခဲ့တယ်လို့ ပြောရမလားဘဲ ကိုဇော်ရေ။ ဆုယူဖို့ လမ်းလျောက်ရင်းကို ရီဘာရီတို့ လူတသိုက် မပြီးဆုံးနိုင်အောင် ၀မ်းနည်းနေဆဲပါဘဲ။ သူတို့အတွက် တကယ့်ကို စိတ်မကောင်းစရာပါ။ ဒါပေမဲ့ ဘောလုံးဟာ လုံးခဲ့တယ်ဆိုတာတော့ သေချာပါတယ် ကိုဇော်ရေ။ ဘောလုံး ကျွမ်းကျင်သူတွေနဲ့ ပရိသတ်အတော်များများက ဘိုင်ယန်ဖလားလို့ ပြောခဲ့တာကို ချယ်ဆီးသူရဲကောင်းတွေက ခြေဖျက်ပြခဲ့တယ်ဆိုတာ အသေအချာပါဘဲ။ ချယ်ဆီးလောက်လဲ ချန်ပီယံလိဂ် ဖလားကို လိုချင်စိတ်က ဘယ်အသင်းမှ မရှိလောက်ဘူး ထင်ပါတယ်။ ဖိုင်နယ်ရောက် ဘိုင်ယန်လည်း ပါဝင်မှာ ဖြစ်ပေမဲ့ အပြာရောင်ခြင်္သေ့တို့ရဲ့ ပိုင်ရှင်ကြီး ရိုမန်အေဗရာမိုဗစ်ရဲ့ ပြင်းပြလှတဲ့ ဆန္ဒ၊ ဒရော့ဘာရဲ့ ချယ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်ချင်စိတ်ကြောင့် အသင်းမပြောင်းဘဲ ဇွဲသန်နေခဲ့တဲ့ စိတ်ဓါတ်တို့က အသိသာဆုံးဖြစ်ခဲ့တာ ကိုဇော်လည်း သိမှာပါ။ ချယ်ဆီးရဲ့ အောင်ပွဲဟာ ထိုက်တန်ခဲ့သလို ဘိုင်ယန်ရဲ့ ဒုတိယဆုဟာလည်း သင်တင့်လျှောက်ပတ်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။ နှစ်ဘက်စလုံး မိနစ် ၉၀ အတွင်းမှာ ပယ်နယ်တီ တစ်လုံးစီ ရထိုက်တဲ့ အခွင့်အရေးကို ငြင်းပယ်ခံကြတာမို့ ကျွန်တော် ကတော့ ဒီစနေညဟာ အားလုံးအတွက် အကောင်းဆုံး အဖြေတွေ ထွက်တဲ့ညလို့ဘဲ ယုံကြည်မိတာပါ။
အတော်လေး ချမ်းနေတဲ့ ချယ်ဆီးဖန်တစ်ယောက်
ကိုဇော်ရေ

ပွဲပယ်ခံထားရတဲ့ ချယ်ဆီးရဲ့ အသင်းခေါင်းဆောင်ကြီး ဂျွန်တယ်ရီကိုယ်တိုင် 2011-12 ဥရောပ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြောက်လို့ အသင်းသားတွေနဲ့အတူ အောင်ပွဲခံ ပျော်ရွှင်နေကြပုံ၊ ယာယီနည်းပြအဖြစ်နဲ့ ချယ်ဆီးရဲ့ အကောင်းဆုံးပုံစံကို ထုဆစ်ပုံဖော်ပေးခဲ့လို့ အချိန်တိုအတွင်း ဖလား ၂ လုံးကို ဆွတ်ခူးလိုက်ပြန်တဲ့ ရော်ဘတ်တိုဒီမက်တီယိုတို့ ကြည်နူးရိပ်၊ ဘိုစင်ဝါးရဲ့ ထုံးစံအတိုင်း စက်ဝိုင်းပုံ ခြံရံထားတဲ့ အသင်းဖော်တွေကြား လက်နှစ်ဖက်မြောက်ပြီး ကပြနေပုံ၊ အသင်းကို ၀ယ်ယူခဲ့ပြီး အမြင့်ဆုံးဖလားကို လိုချင်စိတ် အပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့ အပြာရောင်ချယ်ဆီးရဲ့ ပိုင်ရှင်ဖြစ်သူ ရိုမန်အေဗရာမိုဗစ်ကို ချန်ပီယံလိဂ်ဖလား ကိုင်မြောက်နိုင်ဖို့ ဒရော့ဘာကြီး သွားပေးနေပြီး ပိတိပြုံးပြုံးနေတဲ့ အိုင်ဗရီကိုစ့်သားကြီးရဲ့ မျက်နှာပေးကို ကြည့်ရင်း ကျွန်တော့်ရဲ့ မျှော်စင်ကျွန်းသို့ ခရီးစဉ်ကို အဆုံးသတ်နိုင်ဖို့ ထွက်ပေါက်ဆီကို ခြေဦးလှည့်ခဲ့လိုက်ပါတော့တယ်။ ခင်မင်ရတဲ့ ချယ်ဆီးဖန် ညီအကိုတွေမောင်နှမတွေနဲ့အတူ အောင်ပွဲခံ နံနက်စာကို သွားစားပြီး အားလုံးကိုယ်စီ နှုတ်ဆက်လို့ အာရုဏ်ဦးရဲ့ ကျေနပ်မဆုံး ပိတိအပြုံးကိုယ်စီနဲ့အတူ အိပ်စက်ကျောချရာ အိမ်အသီးသီးဆီသို့ မိုးစင်စင်လင်းမှဘဲ ခြေဦးလှည့်ကာ တရေးတမော အိပ်စက်ဖို့ရာ ပြန်ခဲ့ကြပါတော့တယ် ကိုဇော်ရေ။

မှူးသခင်

Saturday, April 2, 2011

All My Heart and It's She Love

Sometimes we are so far aways, but we were missed together in impossible dreams. Sometimes we are chat in all the way. But we never took each of love, rite?... Hello LoveHello DreamHello FlowerYou are all my love... အိမ်မက်တွေ ရွေးမက်ခွင့်မရှိတော့ ပျော်ရွှင်မှုဆိုတာကို မယုံဘူး ... ကိုယ့်နာမည်ကို သူခေါ်လိုက်တဲ့ ဒုတိယစာလုံးရဲ့ လေသံဟာ အရမ်းကို အေးချမ်းလွန်းနေတယ်... အဲဒါ မျက်ဝန်းတစ်စုံနဲ့ သူနဲ့ ကိုယ်ရဲ နေ့စဉ်မှတ်တမ်းပေါ့... ကိုယ်လဲ အလည်အပတ် သဘောထက် မပိုတာနိုင်တာကို ... ဆင်ခြင်တုံတရားရဲ့ လက်ဆွဲနှုတ်ဆက်ခြင်းက သံစဉ်တစ်ခုလို ... ကိုယ်ဘာသာကိုယ် လှောင်ပြောင်လိုက်မိတယ်... အဲဒါ သူနဲ့ကိုယ့်ရဲ့ ညနေခင်းတိုင်းအတွက် တဖွဲဖွဲ မိုးသည်းသည်း နေ့ရက်တွေပဲပေါ့ Sleep together all the night but thw wall is ever defence us...

Friday, April 1, 2011

တခါကြုံ ဘ၀ကုန် လွမ်းရပါလား ...




တခါကြုံ ဘ၀ကုန် လွမ်းရပါလား ...




သံယောဇဉ်ပါ ချစ်သူ


သူရှာဖွေတွေ့ခဲ့တဲ့ ကိုယ်က


ကိုယ်နှလုံးသားကို သူ့ထံ တချိန်လုံး ပေးဆပ်ခဲ့တယ်ဆိုတာ


ရင်ဖွင့်ပြရင်း


မျက်ဝန်းထဲမှာ ကိုယ်တို့ အပြန်အလှန် ချစ်တီးနှောခဲ့မိတယ်။


အချစ်ပိုသွားခဲ့တယ် ချစ်သူ


မထင်ဘဲ တို့ပြန်ဆုံခဲ့တဲ့ တလျောက်


မထင်တဲ့ အကြင်နာတွေ အပြန်အလှန်ဝေမျှရင်း


သူငါကို ဘေးဖယ်ပြီး


ကိုယ့်အတွေးနဲ့ကိုယ် အိမ်တစ်ခု တည်ဆောက်ခဲ့ကြတယ်။


ကံကြမ္မာက မျက်နှာသာမပေးဘူး ချစ်သူ


ဘယ်လောက်ဘဲ ရင်ထဲမှာ ရှိနေကြပါစေတော့


သူ့မှာက ကိုယ်ပိုင်လမ်းနဲ့ ကိုယ့်မှာက ရွက်လှေပျက်တစ်စီး


ဘယ်လိုအတွေးနဲ့မှ လေထဲ အိမ်မဆောက်နိုင်ဘဲ


မျက်ရည်ထဲ ပက်လက် ရေကူးရပြန်တယ်။


ဝေးကြရအုံးမယ် ချစ်သူ


ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားခဲ့တဲ့ ရက်တချို့က


မထင်မှတ်ဘဲ ရင်ခွင်ထဲထိ အပြန်အလှန် သက်နှင်းဝင်ရောက်ခဲ့ရင်း


မခွဲချင်ဘဲ


ဝေးရာကို သူမက ဦးစွာဘဲ လက်ပြနှုတ်ဆက် သွားပါတော့မယ်။


ဆုံနိုင်ခွင့် ရှိပါအုံးမလား ချစ်သူ


မထင်မှတ်ဘဲ သူက ကိုယ့်ကို ချစ်တယ်တဲ့


ကိုယ့်ရင်ထဲ ဘယ်လောက်တောင် ဗလောင်ဆူသွားတယ် မသိ


တိတ်ဆိတ်စွာဘဲ ရင်ဘတ်ကို အကြိမ်ကြိမ်ထုရင်း


တသက်တာ သိမ်းထားရတော့မယ့်


အချိန်သေးသေးလေးမှာ


ဆုံနိုင်ခွင့် ရှိတဲ့ ဘ၀တိုင်းအတွက်


ဆုံနိုင်ခွင့် ရှိတဲ့ နေရာတိုင်းအတွက်


ဆုံနိုင်ခွင့် ရှိတဲ့ အိမ်မက်တိုင်းအတွက်


တခါကြုံ တသက်လွမ်း ဆိုတဲ့ လွမ်းချင်း


နောက်တခါ မငြီးရအောင်ကိုယ့်တို့ နှလုံးသားကို တခါ နမ်းရင်း


ဆုတောင်းရအောင်နော်။


စိတ်ကုန်တယ်



ကမ္ဘာကြီးက ပုံမှန်လည်ပတ်နေတယ်

မတွေ့ရတဲ့ အချိန်က အတော်ကြာသွားပါတယ်

အပြောင်းအလဲဆိုတာတော့ ရှိနေတတ်ပါတယ်

ခေတ်နဲ့ လိုက်လျောညီထွေအောင် ကြံဖန်နေရပါတယ်

ကျေးဇူးတင်ထိုက်သင့်သူတွေကို တင်နေပါတယ်

အယုံကြည်ရဆုံးလူတွေကို ရင်ထဲမှာဘဲထားတယ်

အိမ်မက်ထဲလူတွေက လာပြီးလွမ်းမိုးလာတယ်

တိမ်တိုက်ထဲက မိုးစက်တွေက တစက်စက်ကျလာတယ်

ဆူးတောထဲမှာ နှင်းဆီပန်းတွေ ပွင့်လာပြန်တယ်

မြတ်တဲ့အခါ ရှိသလို ရှုံးတဲ့အခါလည်း ရှိလာပြန်တယ်

ထိရောက်တဲ့နည်းကတော့ ဗျူဟာပြောင်းဖို့ဘဲ ရှိတယ်

တချိန်မဟုတ် တချိန် သတိလက်လွတ်တတ်တာ သီအိုရီဖြစ်တယ်

စဉ်းစားကြည့်ရင် လူ့ခွစွာက ကိုယ်ဖြစ်နေတယ်

အချိန်ကုန်ခံ ငွေကုန်ခံတာ မျှော်လင့်ချက်ကြောင့် ဖြစ်တယ်

ဒါဟာ ပက်ပစီ အချိုရည်ဖြစ်တယ်

ဒါဟာ ဂျော်နီဝေါ့်ကားဖြစ်တယ်

ဒါဟာ ပုရစ်ကြော်ဖြစ်တယ်

ဒါဟာ မာဘိုရိုဖြစ်တယ်

ဒါဟာ ပုဂံလုံးတစ်လုံးဖြစ်တယ်

မကြာပါဘူး ပြီးသွားမှာ သေချာတယ်

အခုတော့ တရေးအိပ်လက်စ အိပ်နေတုန်း ဖြစ်တယ် ...

Friday, February 4, 2011

Sadness in 78 Days

Sadness


Sometimes in life we get upset
We fear for the next
And we even fret
We hope forever to be happy again,
We long for even,
Just one friend
The sadness we feel sits deep in our soul
Growing so strong everyday
We wander around feeling all alone
With the longing inside that grows stronger each day
for just one friend to come my way
If someone would know me
To like what they seeIt would boost me up
And make me feel freeMy personality is fine
If given a chance,
It's not what's on the outside,
But what's on the inside that counts.

Like Air

Like Air
I lost something.
A very important part of me.
The worst part is that I probably never had it.
She came into my life a cool breeze.
Everyone knows that you can't catch air.
But I'm a fool and yes I tried.
And just when I thought I had her,
she slipped right through my fingers.
Like Air.
If I close my eyes,
I can still feel her arms around me.
Grabbing her hand and pointing at Orion.
Feel her breath on my neck,
her body calming my cold shivers.
I replay that moment every time I blink.
I heard her tell me to open my heart.
I felt him open her.
And for the first time in a long time,
I felt safe.
Every fear that I had .
Every insecurity vanished when she told me that he loved me.
So soft.
So low.
So gentle.
So real.
The moment magnified,
I could hear the fish swim in the river below.
I could see the fragment of glass on the moon and everything went silent.
So quiet that you could hear my breathless response.
I wanted to cry.
I wanted to reach up and slap God high five.
But then like air- it disappeared.
His breathing got heavy.
I saw flickers in his eyes and
within a couple of seconds my world came crashing down.
His confessions cut me like shrapnel.
And even though his thoughts hadn't become actions,
I couldn't help but feel like I had lost him.
It hurt so bad. So bad.
He turned the tables on me with her sexy swiftness.
Made me feel as though I had committed the ultimate crime.
And what did I do? I let him.
She made my eyes melt.
Made my ears bleed.
Made my heart ache.
And just like a cool sudden breeze- she was gone.
She removed a pebble from my foundation and
collapsed the greatest pyramid in Egypt.
And after the dust cleared,
and the air had returned to it's resting stage.
I was left in ruins.

Like air-
I was gone.

Friday, December 24, 2010

မြတ်နိုးစိတ် (ခရစ်စမတ် အမှတ်တရ)



မြတ်နိုးစိတ်

ဒီနေ့ ပွင့်တဲ့ နှင်းဆီက ပန်းရောင်လေးပါ
မနေ့က ပွင့်တဲ့ ပန်းရောင်လေးဟာလည်း နှင်းဆီပါဘဲ
မနက်ဖြန်ကျတော့လည်း ပန်းရောင်နှင်းဆီဘဲ ဖြစ်အုံးမယ်
အဲဒါ ကိုယ်ပျိုးနေမိတဲ့ ရနံလေးပေါ့

ဒီနေ့ကျနေတဲ့ နှင်းလေးတွေက အဖြူရောင်လေးပါ
မနေ့က ကျတဲ့ အဖြူရောင် အစက်လေးတွေဟာလည်း နှင်းလေးတွေပါဘဲ
မနက်ဖြန်ကျရင်လည်း နှင်းဖြူလေးတွေဘဲ ကျအုံးမယ်
အဲဒါ ကိုယ်အမြဲ နှစ်ခြိုက်တဲ့ ဆောင်းသင်္ကေတလေးပေါ့

ဒီနေ့တိုက်တဲ့ လေပြေက ညင်းသွဲ့သွဲ့လေးပါ
မနေ့က ခတ်တဲ့ ညင်းသွဲ့သွဲ့ လေးဟာလည်း လေပြေပါဘဲ
မနက်ဖြန်ကျရင်လည်း ဒီလေပြေညင်းလေးဘဲ ဖြစ်အုံးမယ်
အဲ့ဒါ ကိုယ်အမြဲ တောင်းတတဲ့ သာယာမှုလေးပေါ့

ဒီနေ့ သူပြောတဲ့ စကားလုံးတွေက အေးမြမြလေးပါ
မနေ့က ကြားခဲ့တဲ့ ချိုမြမြတေးသံဟာလဲ သူ့စကားလုံးတွေပါဘဲ
မနက်ဖြန်ကျရင်လည်း ဒီတေးသံတွေကိုဘဲ ကြားချင်အုံးမယ်
အဲ့ဒါ ကိုယ်အမြဲ သိမ်းထားချင်တဲ့ မြတ်နိုးခြင်းလေးပေါ့

ဒီနေ့က ခရစ်စမတ်နေ့
ဒီနေ့မှာ ပန်းရောင်နှင်းဆီ ဘလော့ထဲ တနေကုန်ကျင်လည်
ဒီနေ့မှာ အဖြူရောင် နှင်းတွေ တစက်စက်ကျ
ဒီနေ့မှာ လေပြေတွေဟာ သိပ်ကို အေးတမြမြ
ဒီနေ့မှာ သူ့စကားလေးတွေက ချိုတစိမ့်စိမ့်
ဒီနေ့မှာ သူ့ကို မြတ်နိုးတဲ့ ကိုယ်ကလည်း ...

Tuesday, December 21, 2010

ကြည်နူးစိတ်




ကြည်နူးစိတ်


တလောကလုံးက ကျွန်တော်နားမှာ ရှိနေတယ်
အရာအားလုံးက အိမ်မက်ထဲထိ လိုက်လာတယ်
တမ်းမက်ခြင်းက ပန်းလေးတစ်ပွင့်လို လှနေတယ်
အဲဒါ သူ့စိတ်နဲ့ကိုယ် နှစ်ပါးသွားစင်ထက်မှာ ကခုန်နေတဲ့ ဒရမ်မာတစ်ပုဒ်ပေါ့။

ရှိရှိသမျှတွေက ဆုတောင်းတဲံ အတိုင်း ဖြစ်နေတယ်
ပြုပြုသမျှက မျက်လှည်ဆရာအလား လိုရာဆွဲထုတ်ပြနေတယ်
ဆုတောင်းသမျှက ပန်းပုဆရာအလား လိုရာ ပုံသွင်းပြနေမိတယ်
အဲဒါ ပန်းနွယ်တို့ လှိုက်ဖိုယှက်သလို တိမ်းညွှန့် လွန့်လူးနေတဲ့ အကြောင်းအရာ တစ်ခုပေါ့။

စိတ်ကျမ်းမာရေးက ငယ်ငယ်ကအတိုင်း ဖြစ်နေတယ်
အားအင်တချို့က မတောင်းတဘဲ ခန္ဓာအနှံ ပြေးလွားနေတယ်
အပြုံးတစ်ခုက နေ့စဉ်ရက်စက်ဘဲ လက်တကမ်းအကွာမှာ ရှိနေသေးတယ်
အဲဒါ ဆောင်းဦးညခင်းရဲ့ သာယာအေးမြလှတဲ့ ကောင်းကင်ပြာ တစ်ခုပေါ့။

Monday, December 20, 2010

Dido- Thank You { Very Nice Song }




Thank You - I feel the same way. I need you now, but I know I have to wait. I've kissed your lips a thousand times, in my head, to go on until your feel totally loved, every day, of your life.

တနေကုန် ထိုင်ပြီး တစိမ့်စိမ့်ကြည့် .... ဖိုးကာ



တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်
တစ်ရက်မှ မပျက်ဘဲ တစိမ့်စိမ့်ကြည့်
အမှတ်တမဲ့ကနေ တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်မိသွားတယ်
ခေါင်းစခြေဆုံး တစိမ့်စိမ့်ကြည့်
ပန်းတပွင့်လို တစိမ့်စိမ့်ကြည့်
အိမ်မက်ထဲထိ တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေအုံးမယ်
အဝေးကနေလဲ တစိမ့်စိမ့်ကြည့်
အနီးကလဲ တစိမ့်စိမ့်ကြည့်
မျက်စိအောက်ကနေ ပျောက်မသွားအောင်ကို တစိမ့်စိမ့်ကြည့်နေအုံးမယ်

မင်းသိလား ငါလေ အချိန်တိုင်း တစိမ့်စိမ့်ကြည့်နေတာကို...