RSS

Friday, December 24, 2010

မြတ်နိုးစိတ် (ခရစ်စမတ် အမှတ်တရ)



မြတ်နိုးစိတ်

ဒီနေ့ ပွင့်တဲ့ နှင်းဆီက ပန်းရောင်လေးပါ
မနေ့က ပွင့်တဲ့ ပန်းရောင်လေးဟာလည်း နှင်းဆီပါဘဲ
မနက်ဖြန်ကျတော့လည်း ပန်းရောင်နှင်းဆီဘဲ ဖြစ်အုံးမယ်
အဲဒါ ကိုယ်ပျိုးနေမိတဲ့ ရနံလေးပေါ့

ဒီနေ့ကျနေတဲ့ နှင်းလေးတွေက အဖြူရောင်လေးပါ
မနေ့က ကျတဲ့ အဖြူရောင် အစက်လေးတွေဟာလည်း နှင်းလေးတွေပါဘဲ
မနက်ဖြန်ကျရင်လည်း နှင်းဖြူလေးတွေဘဲ ကျအုံးမယ်
အဲဒါ ကိုယ်အမြဲ နှစ်ခြိုက်တဲ့ ဆောင်းသင်္ကေတလေးပေါ့

ဒီနေ့တိုက်တဲ့ လေပြေက ညင်းသွဲ့သွဲ့လေးပါ
မနေ့က ခတ်တဲ့ ညင်းသွဲ့သွဲ့ လေးဟာလည်း လေပြေပါဘဲ
မနက်ဖြန်ကျရင်လည်း ဒီလေပြေညင်းလေးဘဲ ဖြစ်အုံးမယ်
အဲ့ဒါ ကိုယ်အမြဲ တောင်းတတဲ့ သာယာမှုလေးပေါ့

ဒီနေ့ သူပြောတဲ့ စကားလုံးတွေက အေးမြမြလေးပါ
မနေ့က ကြားခဲ့တဲ့ ချိုမြမြတေးသံဟာလဲ သူ့စကားလုံးတွေပါဘဲ
မနက်ဖြန်ကျရင်လည်း ဒီတေးသံတွေကိုဘဲ ကြားချင်အုံးမယ်
အဲ့ဒါ ကိုယ်အမြဲ သိမ်းထားချင်တဲ့ မြတ်နိုးခြင်းလေးပေါ့

ဒီနေ့က ခရစ်စမတ်နေ့
ဒီနေ့မှာ ပန်းရောင်နှင်းဆီ ဘလော့ထဲ တနေကုန်ကျင်လည်
ဒီနေ့မှာ အဖြူရောင် နှင်းတွေ တစက်စက်ကျ
ဒီနေ့မှာ လေပြေတွေဟာ သိပ်ကို အေးတမြမြ
ဒီနေ့မှာ သူ့စကားလေးတွေက ချိုတစိမ့်စိမ့်
ဒီနေ့မှာ သူ့ကို မြတ်နိုးတဲ့ ကိုယ်ကလည်း ...

Tuesday, December 21, 2010

ကြည်နူးစိတ်




ကြည်နူးစိတ်


တလောကလုံးက ကျွန်တော်နားမှာ ရှိနေတယ်
အရာအားလုံးက အိမ်မက်ထဲထိ လိုက်လာတယ်
တမ်းမက်ခြင်းက ပန်းလေးတစ်ပွင့်လို လှနေတယ်
အဲဒါ သူ့စိတ်နဲ့ကိုယ် နှစ်ပါးသွားစင်ထက်မှာ ကခုန်နေတဲ့ ဒရမ်မာတစ်ပုဒ်ပေါ့။

ရှိရှိသမျှတွေက ဆုတောင်းတဲံ အတိုင်း ဖြစ်နေတယ်
ပြုပြုသမျှက မျက်လှည်ဆရာအလား လိုရာဆွဲထုတ်ပြနေတယ်
ဆုတောင်းသမျှက ပန်းပုဆရာအလား လိုရာ ပုံသွင်းပြနေမိတယ်
အဲဒါ ပန်းနွယ်တို့ လှိုက်ဖိုယှက်သလို တိမ်းညွှန့် လွန့်လူးနေတဲ့ အကြောင်းအရာ တစ်ခုပေါ့။

စိတ်ကျမ်းမာရေးက ငယ်ငယ်ကအတိုင်း ဖြစ်နေတယ်
အားအင်တချို့က မတောင်းတဘဲ ခန္ဓာအနှံ ပြေးလွားနေတယ်
အပြုံးတစ်ခုက နေ့စဉ်ရက်စက်ဘဲ လက်တကမ်းအကွာမှာ ရှိနေသေးတယ်
အဲဒါ ဆောင်းဦးညခင်းရဲ့ သာယာအေးမြလှတဲ့ ကောင်းကင်ပြာ တစ်ခုပေါ့။

Monday, December 20, 2010

Dido- Thank You { Very Nice Song }




Thank You - I feel the same way. I need you now, but I know I have to wait. I've kissed your lips a thousand times, in my head, to go on until your feel totally loved, every day, of your life.

တနေကုန် ထိုင်ပြီး တစိမ့်စိမ့်ကြည့် .... ဖိုးကာ



တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်
တစ်ရက်မှ မပျက်ဘဲ တစိမ့်စိမ့်ကြည့်
အမှတ်တမဲ့ကနေ တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်မိသွားတယ်
ခေါင်းစခြေဆုံး တစိမ့်စိမ့်ကြည့်
ပန်းတပွင့်လို တစိမ့်စိမ့်ကြည့်
အိမ်မက်ထဲထိ တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေအုံးမယ်
အဝေးကနေလဲ တစိမ့်စိမ့်ကြည့်
အနီးကလဲ တစိမ့်စိမ့်ကြည့်
မျက်စိအောက်ကနေ ပျောက်မသွားအောင်ကို တစိမ့်စိမ့်ကြည့်နေအုံးမယ်

မင်းသိလား ငါလေ အချိန်တိုင်း တစိမ့်စိမ့်ကြည့်နေတာကို...

Monday, December 13, 2010

ရှိနေရတဲ့ ကမ္ဘာ


ရှိနေရတဲ့ ကမ္ဘာ

အသက်တော့ ရှိနေသေးတယ်
ဘ၀က လမ်းလျှောက်နေသေးတယ်
အိမ်မက်က လန့်နိုးနေသေးတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

ခရီးတွေက ကျန်နေသေးတယ်
အချစ်တွေက အငွေ့အဖြစ်နဲ့ လွင့်ပြန့်နေဆဲကွယ်
ဆူးတစ်ခုကတော့ နှလုံးသားထဲမှာ စူးနစ်ကျန်နေတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

အိမ်မက်တွေက အဲဒီဘက်မှာ ရှိနေသေးတာ သိရတယ်
နောက်ကျောမှာ ဓါးမိုးထားတာလဲ မြင်နေရတယ်
လက်ထဲမှာတော့ ဂျိုးဖြူလေးက ရုန်းထွက်ချင်နေလှတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

မြစ်တစ်စင်းဟာ ကွေ့ကောက်စွာဘဲ စီးနေတယ်
လေညင်းဟာ ရံဖန်ရံခါမှာ တိတ်ဆိတ်သွားတယ်
ချစ်ခြင်းဟာ လှိုင်းဂယက်လို ခဏခဏ လှူပ်ခတ်နေရတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ
အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ
အဲဒါ ကျွန်တော်တို့ ရှိနေရတဲ့ ဘဝ
အဲဒါ ဘ၀ထဲမှာ သူ့အလိုလို ဖန်တီးခံရတဲ့ ဘဝ
အဲဒါ စက်ရုပ်တစ်ရုပ်လို ဖန်တီးခံရတဲ့ ဘဝ
အဲဒါ တိမ်မည်းတွေကို သိမ်းဖယ်လို့ မရတဲ့ ဘဝ
ကျွန်တော် ရှိနေရတဲ့ ဘဝ
ရှိနေရတဲ့ ဘဝ
ဘဝ

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

အချစ်ကြောင့်


ပန်းသီးလား... အချစ်လား... ပုံးထဲမှာ ပြွတ်သိပ်စွာ နေထိုင်နေရတယ်


အချစ်ကြောင့်

၁။ သူနဲ့ ကျွန်တော် ဝေးပြီးမှ ပြန်တွေ့ခဲ့တယ်

သူကလဲ သူ့ကိစ္စနဲ့ ကိုယ်ကလည်း ကိုယ့်ကိစ္စနဲ့


တံတိုင်းတစ်ချပ် ခြားပြီး ပြန်တွေ့ ခဲ့ကြတယ်။





ဦးနှောက်တွေ အရည်ပျော်မတတ်


အတွေးတွေ မီးတောက်ခဲ့ပြီး


သူ့ရော ကျွန်တော်ရော ပျော်ခဲ့တယ်။





၂။ အဲ့ဒါက ပန်းလေးတွေ လေယူသိမ်းလို့ ယိမ်းနေကြတဲ့ အခိုက်


သူနဲ့ ကျွန်တော် ပြန်တွေ့ခဲ့ကြပုံပေါ့။





၃။ သူက ကြောင်လေးကို ချစ်တယ်


ကျွန်တော်က ကြောင်ချစ်သူကို ချစ်တယ်


ကြောင်ချစ်သူက သံယောဇဉ်ကြီးတယ် (ဒါပေမဲ့ အချစ်တော့ မရှိ)


သူ့ကို ချစ်တဲ့ ကျွန်တော်က


မရေရာမှုတွေနဲ့ အသဲဟတ်တက် ကွဲခဲ့ရပြန်တယ်


အနာပေါ် တုတ်ကျခဲ့ရတယ်ပေါ့။





၎။ အဲဒါက ဆောင်းညတွေကြား မွှေးမိတဲ့ မီးတောက်ငယ်လေး အောက်မှာ


သူနဲ့ ကျွန်တော်တို့ရဲ့ မျက်ဝန်းစီးရေ အစပြုခဲ့ကြပုံပေါ့။





၅။ သူက တစ်ရက်မှာ ရင်ခွင်တစ်ခုဆီ ပြန်လှုံရအုံးမယ်


ကျွန်တော်က တစ်ရက်မှာ ကမ်းစပ်မှာ ခြေရာဖျောက်ဖို့ အားထုတ်ရအုံးမယ်


သူက ဘယ်တော့မှ မမေ့တော့ဘူးလို့ မပြောခဲ့ပေမဲ့


ကျွန်တော်က သူ့ အနားတ၀ိုက်မှာ ရှိနေဖို့ အားထုတ်ရအုံးမယ်


သူ့က ရတနာလေးတွေနဲ့ ပျော်ရွှင်ရဖို့ အကြံထုတ်နေတဲ့အချိန်


ကျွန်တော်က ရတနာလေးတွေကို ဆွေမျိုးတစ်ခု ဖြစ်ဖို့ အားမွေးရအုံးမယ်


သူက....


ကျွန်တော်က...


အများကြီးပေါ့...


သူနဲ့ ကျွန်တော်က...





၆။ အဲဒါက နှင်းညတွေထဲ အနာဂတ် အိမ်သစ်လေး တစ်ခု ဖြစ်ဖို့ရာ


သူနဲ့ ကျွန်တော်တို့ရဲ့ ပန်းပျိုးပွဲလေးပေါ့။





BlueHope

Friday, December 10, 2010

အနှိုင်းမဲ့



၁။ ယိုင်လဲလုနီးပါး ငါလျှောက်တဲ့လမ်း

အကွေ့အကောက်တွေ များလွန်းတော့

ငါ့ရင်မှာ တကယ် မကောင်းဖြစ်ရတယ်။



၂။ ဝေးနေချိန်ဘ၀မှာ မင်းနဲ့ငါ ပေါင်းဖက်ဖို့

မျှော်လင့်ချက်ဆိုတာ မရှိဘူး မပြောနိုင်တော့

သိပ်ကို တန်ဖိုးကြီးကြီး ဖြစ်ရတယ်။



၃။ သူ့စိတ်တွေသာ ငါ့စကားကြားရင်

ဖျားသွားမှာစိုးလို့ များများ မပြောနိုင်တာကို

အောက်မေ့ခြင်း ကင်းပြီလို့ ထင်မှာ စိုးရတယ်။



၎။ ကြောင့်ကြမဲ့ ဘ၀မှာ တကယ်ပိုင်ဆိုင်တာ ဆိုလို့

နှလုံးသားတစ်ခုတည်းသာ သန့်စင်နေတော့

စိုးရွံ့စိတ်နဲ့ဘဲ ကိုယ့်ကိုကိုယ် သိမ်ငယ်နေလိုက်တော့တယ်။



၅။ အက်ကြောင်းထပ်တာကို သိလျှက်နဲ့ ဖုံးကွယ်ချင်တာ

ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့

စိတ်ဆိုတာ အစိုးမရတဲ့ ခန္ဓာရဲ့ သော့ချက် ဖြစ်ရတယ်။



၆။ အတိတ်ကို စွန့်ဖို့ အကြောင်းပေါ်လာတိုင်း

တချက်လေး စောင်းငဲ့ကြည့်ရုံနဲ့ ကိုယ်ရှိနေတာ မင်းတွေ့ရင်

ငိုကြွေးခြင်းဆိုတာ နတ္တိလို့ ခံယူထားစေချင်တယ်။



၇။ ကိုယ့်ဘ၀ရဲ့ တသက်တာ မြတ်နိုးခြင်းကို

မှတ်ကျောက်တင်ဖို့ မင်းနှလုံးသားက လက်ခံခဲ့ရင်

ဘယ်ပုံသဏ္ဍာန်နဲ့ဘဲ ဖြစ်ဖြစ်ကြည်နူးခြင်းကို... ပြောမပြတတ်အောင်ကို

မျက်စိစုံမှိတ်ပြီး ဂုဏ်ယူနေမိမယ်....




BlueHope

18.11.2010


18.11.2010

တကယ်ကို မမျှော်လင့်ခဲ့ဘူး...
တကယ်ကိုဘဲ မျှော်လင့်မထားရဲနိုင်ခဲ့ဘူး...
တကယ်ပါဘဲ မျိုသိပ်ထားခဲ့ရတာ နှစ်ရှည်လများပါ...

အမှတ်မထင်ဘဲ ပြန်ဆုံတွေရလိမ့်မယ်လို့


မင်းထင်ထားခဲ့သလား..
အမှတ်မထင်ဘဲ တို့တွေ ပြန်ပြီး


စကားပြောဖြစ်လိမ့်မယ်လို့ တို့တွေ တွေးခဲ့မိသလား
တို့တွေကို ပြန်လည်ဆုံတွေ့ခွင့်ပေးတဲ့ ဖန်ဆင်းရှင်ကို


အတူတူ ချီးကျူးထောပနာ ပြုရအောင်နော်...
တို့တွေကို တညလုံး မအိပ်ဘဲ


စကားတီတိုး ရယ်မောခွင့်ရအောင်

ဖန်တီးပေးခဲ့တဲ့ ကံကြမ္မာကြီးကို ကြုံရင်

ကျေးဇူးဆပ်ရအောင်နော်...
တကယ်ကို အံသြလို့ မဆုံးနိုင်အောင်ပါဘဲ


တကယ်ဘဲ အိမ်မက်လားလို့

အခါခါ တို့ဆိတ်လို့

လက်သည်းရာလေးတွေ ထပ်လာနေပြီ..

တကယ်ဆို တို့တွေ ဒီထက်ပျော်စရာတွေ ကြုံရခဲ့ရမှာပါ...
အချိုးတကွေ့ဆိုတာ သိပ်ကို တန်ဖိုးကြီးလှပါတယ်...

ပြတ်သားမှုတွေ မရှိခဲ့လို့


ကံကြမ္မာက ဒါဏ်ခတ်တယ်လို့ဘဲ

ကိုယ်တိုင် ခံယူထားလိုက်တော့တယ်

အများကြီး ပြောချင်တယ် ချစ်သူ...
တရက်မှ မနားဘဲ စကားတွေ အများကြီး ပြောနေချင်တယ် ချစ်သူ...
တို့တတွေရဲ့ အချိန်တွေကို ကံကြမ္မာက တန်ဖိုးဖြတ်ထားတယ် ချစ်သူ...
တို့တတွေအတွက် သိပ်ကို တန်းဖိုးထားတတ်အောင်


သူတို့တွေက ပညာပေးထားတယ် ချစ်သူ..
နှစ်အတော်ကြာ ငါတကိုယ်တည်း လူးလိမ့်နေအောင်


ကြေကွဲခံစားနေခဲ့တာတွေအတွက်

ဒီလို တခဏလေး ပြန်တွေ့လိုက်ရတာဟာ

ငါ့ကို ချွေးသိပ်စေခဲ့တယ် ချစ်သူ...

ချစ်သူ...
ငါ့ရင်ထဲ ငါ့စိတ်ထဲမှာ


ဟိုးသေဆုံးတဲ့တိုင်အောင် မင်းကို ချစ်မြတ်နိုးရင်း

အချိန်ကိုတွေ တန်ဖိုးထား ကုန်ဆုံးသွားမှာပါ
သစ္စာစကား တစ်ခုအဖြစ် ငါကို


ကြိမ်တွယ်ခွင့် ပြုမယ်ဆိုရင် ငါလေ

အရမ်းကို ကျေနပ်အားရ ဖြစ်နေမှာပါ
အကြိမ်ကြိမ် ကျဆုံးရင်း ငါမင်းကို ဆက်ချစ်နေခွင့်အတွက်


ကျေးဇူးတင်နေရင်း ငါလေ မင်းကို သိပ်ကို မြတ်မြတ်နိုးနိုး ရှိသွားမှာပါ
ချစ်သူ...

ရာသက်ပန် အချစ်ဆိုတာကို


ငါလေ အခုလို တကျော့ပြန်ဆုံမှ

သည်းနှင့်နေအောင်ကို ခံစားပြီး ကြုံတွေ့လိုက်ရတယ် ချစ်သူ

ချစ်သူ...
ပထမဆုံး အချစ်နဲ့ နောက်ဆုံး အချစ်တို့ရဲ့


နေရာအကျယ်အ၀န်း တစ်ခုလုံးကို

မင်းရဲ့ အပြုံးလေးတွေက နောင်ကို အိုမင်းသွားသည့်တိုင် ပိုင်စိုးသွားစေရမယ်

ချစ်သူ...ချစ်သူ...
ငါသိပ်ပျော်နေတယ်
ချစ်သူ...ချစ်သူ...
ငါသိပ်ကို ခံစားနေရတယ်
ချစ်သူ...ချစ်သူ...
ငါတသက်လုံး မင်းကို ချစ်သွားမှာကို လက်ခံပေးပါ
ချစ်သူ...ချစ်သူ...
ငါလေ ရင်နဲ့ အမျှခံစားကြေကွဲရင်း


သက်ဆုံးတိုင် အဝေးတနေရာကနေ ချစ်နေခွင့်ပေးပါ ချစ်သူ...

တကယ်ကို မမျှော်လင့်ခဲ့ဘူး...
တကယ်ကိုဘဲ မျှော်လင့်မထားရဲနိုင်ခဲ့ဘူး...
တကယ်ပါဘဲ မျိုသိပ်ထားခဲ့ရတာ နှစ်ရှည်လများပါ...

အစိမ်းရောင်သန်းနေတဲ့ ကျွန်တော့်တို့ရဲ့ အချစ်ပါ...

အချစ်ကြောင့်

အချစ်ကြောင့်
၁။ သူနဲ့ ကျွန်တော် ဝေးပြီးမှ ပြန်တွေ့ခဲ့တယ်
သူကလဲ သူ့ကိစ္စနဲ့ ကိုယ်ကလည်း ကိုယ့်ကိစ္စနဲ့
တံတိုင်းတစ်ချပ် ခြားပြီး ပြန်တွေ့ ခဲ့ကြတယ်။

ဦးနှောက်တွေ အရည်ပျော်မတတ်
အတွေးတွေ မီးတောက်ခဲ့ပြီး
သူ့ရော ကျွန်တော်ရော ပျော်ခဲ့တယ်။

၂။ အဲ့ဒါက ပန်းလေးတွေ လေယူသိမ်းလို့ ယိမ်းနေကြတဲ့ အခိုက်
သူနဲ့ ကျွန်တော် ပြန်တွေ့ခဲ့ကြပုံပေါ့။

၃။ သူက ကြောင်လေးကို ချစ်တယ်
ကျွန်တော်က ကြောင်ချစ်သူကို ချစ်တယ်
ကြောင်ချစ်သူက သံယောဇဉ်ကြီးတယ် (ဒါပေမဲ့ အချစ်တော့ မရှိ)
သူ့ကို ချစ်တဲ့ ကျွန်တော်က မရေရာမှုတွေနဲ့ အသဲဟတ်တက် ကွဲခဲ့ရပြန်တယ်
အနာပေါ် တုတ်ကျခဲ့ရတယ်ပေါ့။

၎။ အဲဒါက ဆောင်းညတွေကြား မွှေးမိတဲ့ မီးတောက်ငယ်လေး အောက်မှာ
သူနဲ့ ကျွန်တော်တို့ရဲ့ မျက်ဝန်းစီးရေ အစပြုခဲ့ကြပုံပေါ့။

၅။ သူက တစ်ရက်မှာ ရင်ခွင်တစ်ခုဆီ ပြန်လှုံရအုံးမယ်
ကျွန်တော်က တစ်ရက်မှာ ကမ်းစပ်မှာ ခြေရာဖျောက်ဖို့ အားထုတ်ရအုံးမယ်
သူက ဘယ်တော့မှ မမေ့တော့ဘူးလို့ မပြောခဲ့ပေမဲ့
ကျွန်တော်က သူ့ အနားတ၀ိုက်မှာ ရှိနေဖို့ အားထုတ်ရအုံးမယ်
သူ့က ရတနာလေးတွေနဲ့ ပျော်ရွှင်ရဖို့ အကြံထုတ်နေတဲ့အချိန်
ကျွန်တော်က ရတနာလေးတွေကို ဆွေမျိုးတစ်ခု ဖြစ်ဖို့ အားမွေးရအုံးမယ်
သူက....
ကျွန်တော်က...
အများကြီးပေါ့...
သူနဲ့ ကျွန်တော်က...

၆။ အဲဒါက နှင်းညတွေထဲ အနာဂတ် အိမ်သစ်လေး တစ်ခု ဖြစ်ဖို့ရာ
သူနဲ့ ကျွန်တော်တို့ရဲ့ ပန်းပျိုးပွဲလေးပေါ့။

Tuesday, April 27, 2010

My Chinese Classroom Memory In Sichuan University



ဒီအမှတ်တရ ဗီဒီယိုဖိုင်လေးကို မတင်ချင်ပေမဲ့ အမှတ်တရဖြစ်လွန်းလို့ တင်လိုက်မိပါတယ်... ၂၀၀၆ခုနှစ် တရုတ်ပြည်ကို ရောက်စ တရုတ်စာ စပြီး သင်ကြားခဲ့တဲ့ စီချွမ်တက္ကသိုလ်က ကျွန်တော် တက်ရောက်ခဲ့တဲ့ စာသင်ခန်းလေးမှာ သူငယ်ချင်းတွေ စုပြီးလုပ်ခဲ့တဲ့ အမှတ်တရ မှတ်တမ်းဗီဒီယိုလေးပါဘဲ.. တခါတခါ အဲ့ဒီအချိန်လေးကို အတော်ဘဲ လွမ်းမိတယ်... တခါတခါကျတော့လည်း ရှက်မိတယ်.. ဘာဘဲဖြစ်ဖြစ်လေ ဒါဟာ ဘ၀မှာ ကြုံခဲ့တဲ့ အမှတ်ရစရာ တစ်ခုပါဘဲ... အတော်လေးလဲ လွမ်းမိတယ်...

နောက်တစ်ခါ ဒီအချိန်လေးကို ပြန်ရဖို့ ကျွန်တော် ဘယ်လိုမှ နောက်ကြောင်း ပြန်လို့ မရတော့ပါဘူး... အဲဒီတုန်းက ဆရာမက အတော်လေးကို ခင်စရာကောင်းပြီး ချစ်စရာလည်း ကောင်းပါတယ်.. စာသင်ကောင်းရုံတင်မကဘူး ကျွန်တော်တို့ အပေါ်ကိုလည်း အတော်လေး စေတနာထားခဲ့ပါတယ်... အမေရိကန်၊ ဂျာမန်၊ ဆွတ်ဇာလန်၊ ဂျပန်၊ ကိုရီးယား၊ ဂီနီယာ၊ ဂီနီယာဘီဆောက်၊ မာလီ၊ ကွန်ဂို၊ ပြင်သစ်နဲ့ ကျွန်တော် မြန်မာ တစ်ယောက်တို့ တက်ရောက်ခဲ့တဲ့ တရုတ်စာ အတန်းပါဘဲ......

My Greast Jose Mourinho Song Amazing Technicolour Overcoat

Jose Mourinho Song

My Greast Coach Jose' Mourinho

Check this video!

အလွမ်း


အလွမ်း

တောတောင်တွေကြားထဲ ငါလေတယောက်တည်းသာ ခြေဆန့် ခရီးလှည့်နေတာ……
ငါသိပ်လွမ်းရတဲ့ သူ့ကို သတိရနေမိတယ်ဆိုတာ ပြောမယုံ ဘယ်သူသိနိုင်မတုန်း…
တောပန်းတွေ တလှေကြီး တွေ့နေရပေမဲ့ မင်းပန်ခဲ့တဲ့ ပန်းဖြူဖြူနဲ့ ငမိုးရိပ်တီးဟောက်ရှေ့က မင်းလောက် မစွဲမက်မိဘူး…
သေနတ်ထမ်းထားတဲ့ မင်းပုခုံးဖုဖုလေးကို ကြည့်မ၀တာကို အခုထိ မြင်ယောင်ဆဲမို့ မပျောက်ပြယ်နိုင်တော့ဘူး ထင်ရဲ့…
အခုဆို…. ခရီးရှည်ဆန့်လာတာ မနည်းလှတော့ပေမဲ့ မင်းကို တစက်ကလေးမျှ မေ့မရတော့…. ငါမေ့ချင်နေတာ မင်းမဟုတ်မှန်း…. ခရီးတွေ မိုင်ထောင်ချီမှ သိတော့တယ်….
လွန်ခဲ့တဲ့ နှစ်များကဆို ရူးမတတ် ဖြစ်ခဲ့ပေမဲ့ အခုတော့… အရူးတပိုင်းနဲ့ သေလူသက်သက် ဖြစ်နေရပြီ….
ငါသွားခဲ့တဲ့ ခရီးတွေ ကြမ်းနီရောင် ပြောင်းသွားတာ ကိုယ့်ဘာသာ မြင်ရတော့ သူ့အသားနုနု နေထိလို့ ဖြူအိုအို အသွေးနဲ့ အမွေးနုနုလေးတေက ငါ့စိတ်ကို ယားကျိကျိ ဖြစ်စေခဲ့တယ်…….
ပြီးတော့… အတိတ်မှာ ကျန်ရစ်ခဲ့မဲ့ ကြောင်တောင်တောင် ကောင်လေး တစ်ယောက်ဆိုတာ ငါသိတော့… သိချင်ခဲ့တော့…
မင်းမသိချင်တဲ့ သံယောဇဉ်ဆိုတာ
မင်းသိနေတဲ့ မင်းရင်ထဲက ငါဟာ
မင်းသိသွားခဲ့တဲ့ မင်းရင်ဘတ်ထဲက ငါ့ပုံရိပ်ဟာ
ငါ့ရင်မှာ မချိဖြစ်နေရတဲ့ သံယောဇဉ် ဆိုတာပါဘဲ….
သိရက်နဲ့ ခပ်စိမ်းစိမ်းဘ၀မှာ… ရှိရက်နဲ့ ဖွက်ထားရတဲ့ မုန့်လိုပေါ့…
ခလေးလိုလို မင်းအမူအရာ ချစ်စရာလေးကိုမှ ငါလေ….. မက်မပြေတော့….
ခက်လေလေ နှစ်တွေ ချီလို့ ကြာညောင်းခဲ့တဲ့ သံယောဇဉ် ဒီခရီးကို
မုန်းလေလေ မင်းဖြစ်နေခဲ့ရင်တောင်မှ
အသွေးတွေ အသားတွေ ဆုံးပါစေ ပေးနေပါ့မယ်
တသက်တာ တောင့်တအလွမ်းတွက်ပါလေ….




ရွှေစာရံဘုရားဝင်း၊ ခေတ္တသထုံ 5.9.2002 21:40

လွမ်းနေတယ် သင်္ကြန်ရေ

နှစ်သစ်ကူးချိန် အခါသမယကို ရောက်ရှိလို့ လာပါပြီ…

နှစ်သစ်မင်္ဂလာပါ ….လို့

ဦးစွာ နှုတ်ခွန်းဆက်သပါရစေ…

ပိတောက်တွေဖူးတဲ့ ဒီရာသီ ဒီအချိန် ဒီအခါကို ကျွန်တော်တို့ ရင်ထဲ မက်မက်မောမောနဲ့ တွယ်တာနေမိတာ ကတော့ဖြင့် နှစ်ကူးသင်္ကြန်အခါနဲ့ တွဲဖက်ပြီး ရေသဘင်ဆင်နွဲကြတဲ့ ကျွန်တော်တို့ရဲ့ အပျော်ရွှင်ရဆုံး အကြည်နူးရဆုံး ပွဲတော်တစ်ခု ဖြစ်လို့ပါဘဲ။

ဟိုးငယ်စဉ် အချိန်ခါကနေ အခုရောက်နေတဲ့ အသက်အရွယ် အပိုင်းအခြားထိ သာမက ဘိုးဘိုးဘွားဘွားတွေအထိ သူသူငါငါ အကုန်လုံး ရင်ခုန်ပျော်ရွင် ကြည်နူးရတဲ့ အခါရက်မြတ်ကို ဘယ်သူကများ မျက်စိမှိတ်ပြီး မကြားချင်ယောင် ဆောင်နေနိုင်ပါ့မလဲ.. မနက်ဖြန်ဆိုရင် သင်္ကြန်အခါကို စတင်ဝင်ရောက် လာပါတော့မယ် ကြိုတင်ပြင်ဆင်မှုတွေနဲ့ မြန်မာပြည်ထဲက သင်္ကြန်ပွဲတော်ကို ဆင်နွဲကြမဲ့ မြန်မာပြည်သား အပေါင်းတို့အတွက် တကယ်ကိုဘဲ အားကျ ဂုဏ်ယူမိပါတယ် မြင်ယောင် ကျေနပ်မိပါတယ်…


ဒီလို အချိန်ဆို ဘယ်သူမှ ငြိမ်နေလို့ မရအောင် တကြွကြွ ဖြစ်နေတဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်လေး တစ်ခုဖြစ်တဲ့ ဟိုး… ငယ်စဉ်အချိန် ရန်ကုန်မြို့ ဦးဝိစာရလမ်းနံဘေးမှာ နေခဲ့စဉ်က အဖြစ်အပျက်လေး တစ်ခုကို ပြန်တွေးမိရင်း သင်္ကြန်နဲ့ ကျွန်တော့်ရဲ့ကြား ဘယ်လောက်တောင် နွယ်ပတ်ရစ်ခွေခဲ့တယ်ဆိုတဲ့ ခံစားမှုလေးကို သူငယ်ချင်းအပေါင်းကို မျှဝေချင်မိလို့ အခုလို ဒီစာလေး ရေးလိုက်မိပါတယ်။

ရက်က ဧပြီလ ၁၁ရက်နေ့ပါ.. အိမ်ဘေးက လူလေးဖက်စာလောက် ရှိတဲ့ ကုက္ကိုပင်နားမှာ တ၀ဲလည်လည် လုပ်ရင်း သင်္ကြန်ရောက်တော့မဲ့ နောက်နှစ်ရက်အတွက် ဘာပြင်ဆင်ရမှန်းမသိတဲ့ ကောင်လေး တစ်ယောက်ပါဘဲ။ သူငယ်ချင်းတသိုက်က ဘောလုံးကန်ဖို့ လာခေါ်ချိန်မှာ ကျွန်တော် အပြင်းအထန်ငြင်းဆန်ပြီး ခြံထဲဆင်းခဲ့မိတယ်။ ပြီးတော့ ခြံဘေးက ကုက္ကိုပင်နား တစ်ကျော့ပြန်သွားပြီး အတွေးနယ်ချဲ့နေခဲ့မိတယ်။ အချိန်အတော်လင့်တဲ့အထိကို မရေမရာမှုတွေနဲ့ ဝေခွဲမရတဲ့ သင်္ကြန်စိတ်ကူးကို အကောင်အထည်ဖော်ဖို့ အတော်လေးကို ဆန်းသစ်စိတ်ကူးတစ်ခု ဖြစ်ဖို့ ညစ်ထုတ်နေမိတယ်။ တခါခြံထဲ ပြန်ဝင်ပြီး လိုင်ချီးပင်ထက်မှာ ဆောက်ထားတဲ့ လင့်စင်လေးပေါ်တက်ပြီး ကိုယ့်ကိုကိုယ် အားမရဖြစ်နေတာကို လှည့်စားလိုက်မိပြန်ပါတယ်။ ဒီတခါတော့ လင့်စင်စိတ်ကူးဖြစ်သွားသလားမသိ အရမ်းကို ပျော်သွားစေမိတဲ့ စိတ်ကူးတစ်ခုကို ဖျက်ကနဲဆို ရလိုက်ပါတယ်။ အတွေးနယ် ပေါင်းစုံချဲ့ပြီးမှ ထွက်လာတဲ့ သင်္ကြန်အိမ်မက်ကတော့ ကိုယ်ပိုင် မဏ္ဍပ်လေး တစ်ခု ဆောက်မယ်ပေါ့။ ဒီအတွက် သူငယ်ချင်းတွေကို စည်းရုံးဖို့ မလွယ်မှန်း သိပေမဲ့ ကြိုးစားပြီး ဒီမဏ္ဍပ် အိမ်မက်လေးကို အကောင်အထည်ဖော်ဖို့ သိမ်းသွင်းဖို့ စိုင်းပြင်းရပါတော့တယ်။ ဘောကန်ဖိနပ် ကင်းဘတ် ညစ်ထေထေလေးကို ၀တ်ပြီး ဦးထုပ်ဆောင်းပြီး တဖက်ခြံက ဘော်ဒါတွေ စုပြီး ကန်နေတဲ့ ဂိုးကျဉ်း ဘောပွဲလေးဆီကို ချီတက်သွားမိပါတယ်။


ရောက်သွားတော့ လှောင်ပြောင်အပြုံးတွေနဲ့ ရီစရာ စကားတွေဆိုပြီး နေရာမပေးကြတော့ အိပ်ထောင်ထဲက ပီကေကိုထုတ်ပြီး ထိုင်ဝါးနေလိုက်ပါတယ်။ ဘော်ဒါတွေက ပီကေ၀ါးတာ ၀ါသနာပါကြသူတွေပါ။ ပီကေမြင်ရင် မနေနိုင်တတ်ကြတာကို သိတဲ့ ကျွန်တော်က လူလည်ကျလိုက်တာလဲ ပါပါတယ်။ ဒါနဲ့ ကျွန်တော့်ကို တဘက်အသင်းမှာ နေရာပေးပြီး ၀င်ကန်ခိုင်းတဲ့အခါမှာတော့ ကျွန်တော်လည်း ထိန်းမရတဲ့ အပျော်မျက်နှာလေးနဲ့ ဘောလုံးကို တော့ကာတော့ကာနဲ့ ကန်မယ် တကဲကဲလုပ်တော့တာပေါ့။ ပီကေကတော့ ပွဲပြီးမှ ပေးမယ်လေ။ ဒီလူနဲ့ ဒီလူ အထာနပ်ပြီးသားမို့ ကျွန်တော် မလွန်ပါဘူး။ ဒါနဲ့ ကျွန်တော်က ဘောလုံးမကန်ခင် “ဟေ့ ခဏနေအုံး.. ငါမှာ စိတ်ကူးတစ်ခု ရှိတယ် ဒီနေ့ပွဲမှာ တစ်ပွဲကို နာရီဝက်နဲ့ သုံးပွဲဆက်တိုက် ကန်မယ်… မင်းတို့အသင်းနိုင်ရင် လ္ဘရည်လိုက်တိုက်မယ်ကွာ ဆမူဆာကျွေးမယ်ကွာ” ဆိုပြီး ပြောလိုက်ပါတယ်။ တကယ်တော့ သူတို့အားလုံးကို အခုလို ပြုစုဖို့ မုန့်ဖိုး တကယ် လုံလုံလောက်လောက် မရှိတော့ပါဘူး ရေဘူးဘောင်းနဲ့ သင်္ကြန်မျက်မှန်ဝယ်လိုက်မိတာကြောင့် ရေခမ်းနေပါပြီ။ ဒါပေမဲ့ နိုင်အောင် ကန်နိုင်မဲ့ နည်းလမ်း ကျွန်တော့်မှာ ရှိနေတာလဲ ပါတာကြောင့် ကိုယ့်အတွေးနဲ့ ကိုယ် စိန်ခေါ်လိုက်တာပါ။ ထုံးစံအတိုင်း တကယ်လို့ သူတို့ ရှုံးရင်ရောဆိုလာတော့ “ဟဲဟဲ.. မင်းတို့ရှုံးရင် ငါခိုင်းတာ ၀ိုင်းလုပ်ပေးရမယ်… မကျေနပ်ရင်တော့ ပြန်မယ်… ဘယ်လိုလဲ” ဆိုပြီး ခပ်ရင့်ရင့်ဘဲ ပြောလိုက်တော့ အိုကေပေါ့.. ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမက အိမ်ထဲက ထွက်လာတာနဲ့ ဒိုင်လုပ်ခိုင်းလိုက်တယ် ဒိုင်လုပ်ခကလည်း ပီကေတစ်ခု ကျွေးလိုက်ရပြန်ပါတယ်။ (ပုံမှန်ဆို အားကြီး နှမျောတတ်တဲ့ ကျွန်တော်က ဒီနေရာမှာ မနှမျောရမှန်း သိတတ်နေခဲ့တာ အခုမှ ပြန်ပြီး သတိထားမိသွားတယ်။) ဒါနဲ့ ဘောပွဲလေး စလိုက်တယ်ဆိုရင်ဘဲ ကျွန်တော့်ဘက် ၃ယောက်စလုံးဟာ ဘောလုံးကိုင်ရာမှာ ကျွမ်းကျင်တာကြောင့် တဖက်အသင်းဟာ စတယ်ဆိုရင်ဘဲ ဂိုးပေးလိုက်ရပြီး ဒုတိယအကျော့အပြီးမှာတင် ကျွန်တော်တို့ အသင်းဟာ အနိုင်ရ သွားခဲ့ပါတယ်။ အဲ့မှာတင် ကျနော့်ရဲ့ လက်ခုပ်ထဲရောက်သွားတဲ့ သူတို့အားလုံးကို ကျွန်တော်က မဏ္ဍပ်ဆောက်တာ ၀ိုင်းကူဖို့ ပြောပါတော့တယ်။

မဏ္ဍပ်ဆောက်တယ်ဆိုတာ ကျွန်တော်တို့လို လူငယ်လေးတွေအတွက် အတော်လေး ခက်ခဲတဲ့ အရာတစ်ခုပါ။ ဖြစ်ချင်တဲ့ မဏ္ဍပ်ပုံစံက သပ်သပ်ရပ်ရပ်နဲ့ ကားတွေကို အထက်စီးကနေ ပက်လို့ရမဲ့ ပုံစံမျိုးပါ။ ဒါကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်မယ်ဆိုပြီး အားလုံးလဲ ညီနေကြတာနဲ့ ကိုယ့်အိမ် သူ့အိမ်မှာ ရှိတဲ့ သံတွေ တူတွေ သစ်တွေ ဆွဲထုတ်ပြီး ကျွန်တော်တို့ရဲ့ အိမ်ဘေးက ကုက္ကိုပင်ဘေးမှာ လာစုလိုက်ကြပါတယ်။ အဲ့မှာ စပြီး ဒုက္ခတွေ့ရတာကတော့ လက်သမားဆရာတွေ မဟုတ်တဲ့ ကျွန်တော်တို့ ဘယ်လိုကစပြီး ဒီသင်္ကြန်အိမ်မက်ကို အကောင်အထည် ဖော်ရမယ်ဆိုတာ မသိတာပါဘဲ။ ထိုင်ပြီး စိတ်ပျက်လက်ပျက်နဲ့ ရှိနေပြီး ပီကေကလည်း တ၀ါးဝါးပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်အဖေက နေ့လည်ခင်း တရေးနိုးပြီး ခြံထဲကို ဆင်းလာတာမှာ ကျွန်တော်တို့ကို တွေ့ပြီး ဘာလုပ်နေတာလဲ မေးတော့ သူတစ်ပေါက် ငါတစ်ပေါက် ဖြေလိုက်ကြတာ ချက်ဆိုနားခွက်က မီးတောက်သွားတဲ့ အဖေက ချက်ချင်း ဦးထုတ်ဆောင်းပြီး သူ့ရုံးကို ထွက်သွားပါတော့တယ်။ မကြာဘူး ကားတစ်စီးနဲ့ လူငါးယောက်လောက် ခေါ်လာပြီး ဘာမပြောညာမပြောနဲ့ ကျွန်တော်တို့ သစ်တွေ သံတွေကို ဖယ်ထုတ်လိုက်ပါတယ်။ အဲဒီမှာတင် မဏ္ဍပ်လေးတစ်ခုဟာ မလှပေမဲ့ ခိုင်ခိုင်ခံခံနဲ့ ၃နာရီအတွင်း ပြီးသွားပါတယ်။ အတော်လေး မြန်တဲ့ လက်သမားဆရာတွေပါ။ သူတို့ ဆောက်နေစဉ်အတွင်းမှာ ကျွန်တော်တို့က အုန်းလက်တွေ ခုတ်ပါတယ် ပေပါတွေကို ထုတ်ပါတယ်။ တိုင်တွေကို ဆေးသုတ်ဖို့ အိမ်မှာရှိတဲ့ အစိမ်းရောင် ဆေးပုံးကြီးကို ထုတ်ပြီး မြေဖြူမှုန့်နဲ့ ရောလိုက်ပါတယ်။ အဲ့မှာတင် ကိုယ်တိုင် ပြင်ဆင်မွမ်းမံခွင့် အလုပ်တစ်ခုကို ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် အားရပါးရ လုပ်လိုက်ကြပါတော့တယ်။ ပျော်လိုက်တဲ့ ဖြစ်ချင်းပါဘဲ ငယ်ငယ်တုန်းက ရေပေါလှတဲ့ ကျွန်တော်တို့ မဏ္ဍပ်အတွက် တကယ်ကို အားရစရာပါဘဲ။ ဖက်ဖူးစိမ်းရောင် တောက်ပနေတဲ့ ကျွန်တော်တို့ မဏ္ဍပ်လေးမှာ ပေပါတွေ ၅လုံးနဲ့ သူငယ်ချင်းအဖေ တစ်ယောက် ယူလာပေးတဲ့ ရေတွန်းစက်ကြောင့် မီးသတ်ပိုက်နီးပါး သုံးလို့ရတဲ့ ရေပိုက်ခေါင်းတစ်ခုပါ ပိုင်ဆိုင်သွားတာကြောင့် ဒီမဏ္ဍပ်ထဲမှာဘဲ စုပြီး ပိတိမျက်နှာကိုယ်စီနဲ့ အိပ်ရာဝင်ခဲ့ကြပါတယ်။

နောက်တနေ့ မနက်မိုးလင်းတော့ အမေပေါင်းပေးတဲ့ အုန်းနို့ကောက်ညင်းပေါင်းနဲ့ ငါးခြောက်ဖုတ်ကို ဒီမဏ္ဍပ်ထဲမှာဘဲ တ၀စားနေတုန်း…. ဗွမ်းကနဲဆို ကျွန်တော်တို့အားလုံး ရေတွေ ရွဲရွဲဆိုသွားပါတော့တယ်။ ဟီး.. ဆိုပြီး အပြုံးကိုယ်စီနဲ့ ဂျစ်ကားတစ်စီးနဲ့ မမတွေပိုများတဲ့ လူတစ်သိုက်ဟာ ကျွန်တော်တို့ကို ကားပေါ်ကနေ ရေနဲ့ပတ်ပြီး ဆင်းလာကြပါတယ်.. ငါတို့လဲ မကျွေးဘူးလားဆိုတော့ ရပါတယ် စားပါဆိုပြီး ကျွေးလိုက်ပါတယ် ဒါနဲ့ သူငယ်ချင်းတစ်ယောက်က မျက်စပစ်ပြတာနဲ့ ကျွန်တော်လည်း ခြံထဲဝင်၊ မီးဖိုချောင်ထဲက အိုးမဲကို တ၀ကြီး လက်နဲ့ပွတ်ပြီး ပြန်လာခဲ့ပါတယ်။ မကြာပါဘူး ဘယ်တုန်းက ငတ်လာတဲ့ အီတီယိုးပီးယားတွေလည်း မသိဘူး ကျွန်တော်တို့ ကောက်ညင်းပေါင်း၂ပန်ကန်ကို အကုန်စားလိုက်ကြပါတယ်။ စားလို့ ပြီးတယ်ဆိုရင်ဘဲ ကျွန်တော်က စပြီး သူငယ်ချင်းတွေကို လက်ချင်းပွတ်ပြီး အိုးမဲ့ လက်ဆင့်ကမ်းလိုက်ပါတယ်။ ပြီးတော တပြိုက်နက်ထဲဆိုသလို အားရပါးရဘဲ သူတို့ မျက်နှာ နုနုလှလှလေးတွေကို မဲတူးနေတဲ့ အိုးမဲနဲ့ သုတ်ပြီး အရောင်ဆိုးလိုက်ကြပါတော့တယ်။ ပျော်လိုက်တဲ့ ဖြစ်ချင်းပါ။ တကယ်ကို အခုချိန်ထိ အမှတ်ရမိတဲ့ မထင်မှတ်ထားတဲ့ တဒဏ အဖြစ်အပျက်လေးပါဘဲ။ အဲဒီ မမတွေ ကိုကိုတွေကလည်း ကျွန်တော်တို့ကို လက်စားချေချင်ပေမဲ့ မတုန့်ပြန်နိုင်ဘဲ အောင့်သီးအောင့်သက်နဲ့ ကားပြန်ထွက်သွားကြပါတယ်။ အဲဒီနေ့က သင်္ကြန်အကြိုနေ့ထင်ပါရဲ့ ကားနဲ့ အလည်ထွက်မဲ့ သူတွေက လမ်းကြောင်းရှာဖို့နဲ့ မဏ္ဍပ်ပေါ်တဲ့နေရာတွေကို စုံစမ်းဖို့ အကြိုထွက်ပျော်ကြလေ့ ရှိပါတယ်။ ခုနက အဖြစ်အပျက်လေး ပြီးသွားတဲ့ နောက်မှာတော့ ကျွန်တော်တို့ဟာ အဖေအမေ၀ယ်ပေးထားတဲ့ အကျီဘောင်းဘီအသစ်လေးတွေ သွားဝတ်ပြီး ပတ်ဝန်းကျင် အိမ်တွေက အဖော်သူငယ်ချင်းတွေကို ကိုယ့်မဏ္ဍပ်မှာ စည်ကားအောင် လိုက်ခေါ်ကြပါတယ်။

မထင်မှတ်လောက်အောင် စည်ကားသွားခဲ့တဲ့ ကျွန်တော် အမြဲ ပြန်မြင်ယောင်နေမိတဲ့ ငယ်ငယ်က သင်္ကြန်ကို တခါ ပြန်ရောက်ချင်ပေမဲ့ အိုဟောင်းသွားတဲ့ နှစ်ဟောင်းတွေကို ပြန်ပြီး နှုတ်ယူလို့ မရသလို လူဘ၀ရဲ့ အမောတွေကို တကယ်ကို ရင်ဝယ်ပိုက်ရတဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့ တနှစ်မှ မလွတ်တမ်း ပျော်နေမိခဲ့တဲ့ ဒီသင်္ကြန်ပွဲတော်ကို လက်လွတ်နေရတဲ့ လေးနှစ်တာကာလကိုလည်း လေပြေခပ်ညင်းညင်းလေး မှုတ်ထုတ်ပြီး စိတ်တိုမိနေပါတော့တယ်…



ရွက်သစ်တွေ ဝေလို့ ရွက်ကြွေဟောင်းတဲ့ ဒီအခါသမယမှာ ပိတောက်လဲဖူး ငါလဲ ရူးပေါ့ လေရူးနှင့်လား ငါ့တွေးများသည် ….

ဓါတ်ပုံများကို အွန်လိုင်းမှ ရယူ သုံးစွဲမိပါသည်

Wednesday, March 3, 2010

ကျနော့်ကို ထိုးနက်လိုက်တဲ့ မှန်တစ်ကွက်




ကျနော့်ကို ထိုးနက်လိုက်တဲ့ မှန်တစ်ကွက်

အချိန်တွေ စီးနေတဲ့ ပင့်သက်မဲ့ ကျွန်တော့်ရဲ့ ရာသီဥတုဟာ အချိန်အခါမဲ့ ပဲ့တင်လှုပ်ရှား နေခဲ့တာလည်း မကြာခဏဆိုသလိုပါဘဲ…

ဒီကနေ့ သောကပွေနေတဲ့ သူငယ်ချင်းများရဲ့ စကားကို ထိုင်ဖတ်နေရင်း မျက်ရည်ဝဲမိတာက ငါဟာ အခုချိန်ထိ အတ္တနဲ့ လူလုပ်နေတာ မ၀နိုင်သေးတာကိုပါဘဲ..

ကိုယ်နှစ်သက်တဲ့ ဘောလုံးပွဲတွေ မရှိတဲ့ ဒီရက်ပိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးကို အားပါးတရ ဆုတ်ကိုင်ချင်ပေမဲ့ ရတက်ပွေနေတဲ့ လောကကြီးကြောင့် အမြင်မှန် တ၀က်လောက် ရသွားခဲ့ပါတယ်..

တကယ်ဆို တရားသဖြင့် စောင်မပေးဖို့ မိုးနတ်သားကို ပန်ကြားချင်ပေမဲ့ ကိုယ်တစ်ယောက်တည်း မဟုတ်တာ သူလည်း သိနေမှာမို့ ဒီနေ့လည်း ဆုတောင်း ပျက်သွားခဲ့ပြန်တယ်…

အချိန်ရာသီစက်ဝိုင်းဟာ ဘာလို့ ၃၆၀ဒီဂရီအတိုင်း လည်ပတ်နေတာလဲ သိချင်လိုက်တာ .. သူတပတ်ပတ်လိုက်လို့ ရာသီစက်ဝန်းက မူလနေရာကို ရောက်ရောက်သွားပေမဲ့ သံသရာမှာ ကျင်လည်နေရတဲ့ ကျနော်တို့ကျတော့ အသက်သာကြီးသွားပါတယ် ဆုံမှတ်တစ်ခုဆိုတာကို နှစ်ဘက်မြင် ရှုထောင့်ရဲ့ အခြေခံ သီအိုရီအတိုင်း ဆက်လက်သွားနေ ကြရပါတယ်..

တရားသဘောကို ပိုက်ဖို့ ၀န်လေးတတ်နေလားမသိဘူး တရားမျှတမှုကို အားမရဘဲ ကျောက်ခဲရေညစ်ရဆဲ ကျနော့်အတွေး မျှော်လင့်ချက်ဟာ ဒိုင်လူကြီးမပါတဲ့ ဘောလုံးတစ်လုံးလို ဟိုရောက်ဒီရောက်နဲ့ ဒီကွင်းလေးထဲမှာဘဲ ပရမ်းပတာဘဲ လည်ပတ်နေသလိုပါဘဲ…


ဒီနေ့ ကျနော့်ကို မှန်တစ်ချက်ပေးလိုက်တဲ့
မက်ဖန် စီဘောက်ကို ကျနော်မုန်းသွားတယ်….

ပန်းသီး



ရူးနေပြီလား ကျနော်
ရူးသွားပြီလား ကျနော်
မေ့လောက်မှ ပြန်ထ တရေးနိုး ရေထသောက်တာ မဟုတ်ပါဘူး..
ပန်းသီးတိုင်းမှာ အညှာရှိပါတယ်။
အခွံပါးပါးလေး ရှိပါတယ်။
အစေ့လေးတွေလဲ သေးသေးလေးနဲ့ မျိုချလို့ရပါတယ်။
အရောင်မျိုးစုံရှိတဲ့ အခွံကိုလည်း ၀ါးစားလို့ရပါတယ်။
ပန်းသီးရဲ့ အသားကတော့ တစ်ရောင်တည်း နီးပါးရှိပြီး အချိုနဲ့ အချဉ်ဆိုပြီး ရှိပါတယ်။
ဘယ်အရသာဖြစ်ဖြစ် စားလို့ သိပ်ကို ကောင်းပါတယ်။
ကြိုးစားပြီး အဲ့ဒီအရသာတွေကို သေသေချာချာ ခံစားကြည့်ပါ။

ဒါပေမဲ့ ကျနော်က ပန်းသီးအညှာ ဖြစ်ခဲ့တယ်..

Sunday, February 21, 2010

နှုတ်ဆက်ခဲ့ပါတယ် အ၀ါရောင် လမ်းလေးရေ... Goodbye Yellow Brick Rock


ဟိုးတုန်းက ဇော်ဝင်းထွဋ် ပြန်ဆိုတေး မဆိုခင် ကတည်းက အတော်လေး လန်းခဲ့တဲ့ အယ်တန်ဂျွန်ကို ခရေဇီ ဖြစ်စေတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ ညညဆို အမေနဲ့ အဖေ မသိအောင် တိတ်တိတ်လေး နားထောင်ခဲ့ရတဲ့ သီချင်းတွေ ထဲက တစ်ပုဒ် အပါအ၀င်ပေါ့ဗျာ... နားကြပ်နဲ့ နားထောင်ဖို့ကို အားမရတာကြောင့် စပီကာကို နားနားမှာ တစ်ဘက်တစ်လုံး ကပ်ပြီး အသံတိုးတိုးနဲ့ အရသာ ရှိရှိ နားထောင်ခဲ့တာပေါ့



အ၀ါရောင် လမ်းကလေးရေ
ဘယ်ဆီကိုများ ရောက်နေပါလိမ့်
ညဘက်ညဘက် မင်းနဲ့ နှစ်ယောက်တည်း
ရှိရှိနေခဲ့တာတွေကို လွမ်းမိပ့ါ

ချယ်ဆီးရဲ့ ညသန်ခေါင်ယံ

ကျွန်တော် ကြိုက်တဲ့ Bonjovi ရဲ့သီချင်းလည်းဖြစ် ကျွန်တော်အားပေးတဲ့ ချယ်ဆီးအသင်းရဲ့ နာမည်လေးလဲပါ နားထောင်လို့ကလည်းကောင်းနဲ့မို့ အိမ်လေးထဲကို ၀င်လိုက်မိတိုင်း နားထောင်ချင်လို့ တင်ထားလိုက်တာပါ...






Midnigh In Chelsea ..... Jon Bon Jovi...


The kids 'round here look just like sticks
They trade old licks with a beat up six
I just smile and catch the groove

Gothic girls all dress in black
Serious as heart attacks
It takes a little bit of getting used to

The old man with the whiskey stains
Lost the night forgot his name
His poor wife will sleep alone again
And it ain't hard to understand
Why she's holding on to her own hand

Chorus:
It's midnight in Chelsea, midnight in Chelsea
No one's asking me for favors
No one's looking for a savior
They're too busy saving me

(Repeat Chorus)

I've seen a lone,sloane ranger drive
seems her chauffeur took a dive
And sold her secrets to the sun
And later in a magazine
I finally figured what it means
To be a saint, not a queen

Two lustful lovers catch a spark
And chase their shadows in the dark
Someone's getting off tonight
Of a big red bus that's packed so tight
It disappears in a trail of light
Somewhere someone's dreaming baby it's all right...

Chorus:
It's midnight in Chelsea, midnight in Chelsea
No one's asking me for favors
No one's looking for a savoir
They're too busy saving me
Midnight in Chelsea, midnight in Chelsea
No one's pinned the dreams on me
No one's asking me to bleed
I'm the man I want to be
When Chelsea girls sing...

It's morning when I go to sleep
In the distant dawn a church bell rings
Another day is coming on
A baby's born, an old man dies
Somewhere young lovers kiss good-bye
I leave my soul and just move on
And wish that I was there to sing this song

Chorus:
It's midnight in Chelsea, midnight in Chelsea
No one's asking me for favors
No one's looking for a savior
They're too busy saving me

It's midnight in Chelsea, midnight in Chelsea
No one's pinned the dreams on me
No one's asking me to bleed
I'm the man I want to be
The man I want to be,the man I want to be
Midnight in Chelsea



တကယ်လို့ ကြည့်မရရင်တော့ ဒီနေရာလေးကို ကလစ်လိုက်ပါ

Check this video!

Wolverhampton Wanderers 0 vs 2 Chelsea

ချယ်ဆီးနိုင်သွားလို့ ပျော်မိပါတယ် ခြေစွမ်းမကောင်းပေမဲ့ ဒရော့ဘာရဲ့ နှစ်ဂိုးကိုတော့ ကျေးဇူးတင်မဆုံးပါ...


ခံစားချက်


ဖြစ်တတ်ပါတယ် လို့ တချို့ ကဖြေသိမ့်ကြတယ်
အလှည့်ဆိုတာ ရှိတယ်လို့လဲ အချို့ကတုန့်ပြန်ကြတယ်
သူတို့က သိပ်ကိုကောင်းလို့ ဆိုပြီးတော့လည်း တချို့က အမှန်ကို မြင်ကြတယ်
ခြင်္သေ့တွေက အမှတ်နောက်တစ်ခါ ဖြတ်သွားပြန်လို့ တောက်ခေါက်မိတယ် ဆိုပြီးတော့လည်း တချို့က ရင်ခံကြတယ်
မော်ကြီးက ခြင်္သေ့ကို သတ်အုံးမှာဆိုပြီးတော့လည်း တချို့က ဘေးတွေးတွေး ကြတယ်
အလယ်တန်းမရှိလို့ ဆိုပြီးတော့လည်း ဒီပွဲကျမှ အပြစ်တင်တဲ့သူကလည်း တင်ကြတယ် (ဆန်စီရိုည အောင်ပွဲကို မေ့သွားသူအချို့)
ဘာဘဲဖြစ်ဖြစ် ဘောလုံးဟာ လုံးတယ် မလုံးဘူးဆိုတာကို ကိုဘောလုံးက သူဘာသာ သူသိပါတယ်..

အဖြစ်တွေက ဟိုးတနေ့က အပျံသင်စ ငှက်ကလေးလိုဘဲ စိုးရွံစိတ်ကို အံကြိတ်ရင်း ဖြေတွေးလိုက်တာပါဘဲ
ပန်းတွေ ပွင့်တယ်ဆိုတာကို သူ့အလုပ်သူလုပ်တာပါဆိုပြီး လမ်းလျောက်ရင်း ပြုံးကြည့်သွားတာ အကြောင်းမဟုတ်ပေမဲ့ လက်ကားပြီး လျောက်သွားတဲ့ သူရဲ့ မသိစိတ်က မထင်မှတ်ဘဲ ခြွေချသွားတာကို မြင်လိုက်တဲ့ ဥယျာဉ်မှူးမှာတော့ မျက်ရည်တွေက ရွဲလို့ပေါ့..
ကတ္တိပါလမ်းပေါ်မှာ သက်တောင့်သက်သာဘဲ လျှောက်နေကြ ဆိုတော့ ငလျှင်လှုပ်တဲ့အချိန်ကို အံသြမိကြပေမဲ့ ဂျပန်လူမျိုးတွေကတော့ မိုးထိတိုက်ပေါ်ကနေ ဆင်းမလာကြဘူးဗျာ…
ဖြစ်တတ်ပုံက မဆန်းပေမဲ့ ကြောင်ကလေး ညောင်လို့အော်တာကို ပူတူးတူးလေး ငါ့ကို လွမ်းနေလားလို့ ပြောလိုက်တဲ့ မင်းသမီးလေးလိုဘဲ ချစ်တဲ့စိတ်နဲ့ သူပြောသမျှ နားလည်နေတာကိုလည်း ကျွန်တော်က မင်းသမီးလေးရဲ့ ပရိသတ်မို့ အားပါးတရ လက်ခုပ်တီးမိပါတယ်..
အရှည်ကြီးပြောရင် အဖေကြီးမောမှာစိုးလို့ ဆိုသလို ဒီလောက်နဲ့ ရပ်လိုက်တာဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်းလိုစိတ်ကြောင့်ဆိုတာ နားလည်ပေးကြမယ် ထင်ပါတယ် …
ချယ်ဆီးက ၀ုဖ်ကို ညက နှစ်ဂိုးပြတ်နဲ့ နိုင်တယ်..မန်ယူက အဲဗာတန်ကို သုံးဂိုးတစ်ဂိုးနဲ့ အရှုံးမှာ စိတ်ကူးရသွားတဲ့ စကားလုံးလေးတွေပါဘဲ... ဒါကိုဘဲ မက်ဖန်မှာလည်း ပိုစ့်တင်မိပါတယ် ... :P

Sunday, February 14, 2010

ဆင်ခံဗောဓီသတ္တဘုရားလောင်း ဆင်းတုတော်ကြီး
တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူမြို့ကနေ ကီလိုမီတာ (၂၀၀)အကွာမှာရှိတဲ့ အော့မေတောင်ထိပ် (Mount Emei or 峨眉山)က ဗုဒ္ဓဆင်းတုတော်ကြီးပါ အရင်က ကျွန်တော်တို့ ဖတ်ဖူးကြတဲ့ သိုင်းဝတ္တုတွေထဲက အော့မေဂိုဏ်းရှိရာ အဲ့ဒီတောင်ဟာ မီတာပေါင်း (၃၀၉၉) ဒါမှမဟုတ် ပေပေါင်း ၁၀၁၆၇ရှိပါတယ်။
အော့မေတောင် ဆိုတာ တရုတ်ပြည်ရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အလေးအမြတ်ထားရာ တောင်ကြီးလေးလုံးရှိတဲ့ အထဲက အမြင့်ဆုံတောင်ဖြစ်ပါတယ်။ တခြားသာ တောင်လေးလုံးကတော့ ၀ူးထိုက်တောင်(Wutai Shan)၊ ကြိုဟွားတောင် (Jiuhua Shan) နဲ့ ဖူးထိုတောင် (Putuo Shan) တို့ဘဲ ဖြစ်ပါတယ်။ အေဒီ ၁၆ရာစု ၁၇ရာစုလောက်က အရမ်းကို ထင်ပေါ်ကျော်ကြားကြတဲ ရှောင်လင်ဘုန်းတော်ကြီး ကျောင်းတို့လို နာမည်ကြီးတဲ့ အော့မေဘုန်တော်ကြီးကျောင်းအဖြစ် တရုတ်ပြည်မှာတင် မက ကမ္ဘာမှာပါ ကျော်ကြားလို့ ယူနက်စကိုကနေ ကမ္ဘာ့အမွေအနှစ် စါရင်းကို ၁၉၉၆ခုနှစ်က စတင်သွတ်သွင်းထားပြီး လက်ရှိမှာလည်း အော့မေကျောင်းနဲ့ အဲ့ဒီ ပတ်ဝန်းကျင်က တောတောင်သဘာဝတွေကို ထိန်းသိမ်းစောင့်ရှောက်နတာကို တွေ့ရပါတယ်။
ကျွန်တော်ကတော့ အခုဓါတ်ပုံထဲက အော့မေတောင်နဲ့ ၀ူးထိုက်တောင်တို့ကိုဘဲ ရောက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ အဆင်သင့်ရင် အဆင်သင့်သလို ခ၇ီးထွက်နိုင်တဲ့ အချိန်နဲ့များ တိုက်ဆိုင်ခဲ့ရင် ကျန်တဲ့ တောင်နှစ်လုံးကို တက်ဖို့ ရွယ်ထားပါသေးတယ်။
အခုဘလော့လေးကို ကျနော့် မိတ်ဆွေ ကိုရှမ်းလေးရဲ့ အကုအညီနဲ့ ဖေဖော်ဝါရီင်္လ (၁၃)ရက်နေ့မှာ မှတ်မှတ်ရရ အပြီးသတ်သွားခဲ့ပြီး ချစ်သူများနေ့ဖြစ်တဲ့ ဒီကနေ့မှာ ပထမဆုံးဘလော့လေးတစ်ခုကို တင်လိုက်နိုင်ခဲ့ပါတယ်။ ကိုရှမ်းလေးရေ ကျေးဇူးအထူးတင်ပါတယ်ဗျာ။ ကျွန်တော်ရဲ့ ဆန္ဒကို အကောင်အထည်ပြုနိုင်ဖို့ ချက်ချင်းဘဲအားတက်သရော လုပ်ဆောင်ပေးတဲ့ အတွက် အကြွေးကြီးတစ်ခု တင်သွားရပါပြီ။