Saturday, April 2, 2011
All My Heart and It's She Love
Friday, April 1, 2011
တခါကြုံ ဘ၀ကုန် လွမ်းရပါလား ...
တခါကြုံ ဘ၀ကုန် လွမ်းရပါလား ...
သံယောဇဉ်ပါ ချစ်သူ
သူရှာဖွေတွေ့ခဲ့တဲ့ ကိုယ်က
ကိုယ်နှလုံးသားကို သူ့ထံ တချိန်လုံး ပေးဆပ်ခဲ့တယ်ဆိုတာ
ရင်ဖွင့်ပြရင်း
မျက်ဝန်းထဲမှာ ကိုယ်တို့ အပြန်အလှန် ချစ်တီးနှောခဲ့မိတယ်။
အချစ်ပိုသွားခဲ့တယ် ချစ်သူ
မထင်ဘဲ တို့ပြန်ဆုံခဲ့တဲ့ တလျောက်
မထင်တဲ့ အကြင်နာတွေ အပြန်အလှန်ဝေမျှရင်း
သူငါကို ဘေးဖယ်ပြီး
ကိုယ့်အတွေးနဲ့ကိုယ် အိမ်တစ်ခု တည်ဆောက်ခဲ့ကြတယ်။
ကံကြမ္မာက မျက်နှာသာမပေးဘူး ချစ်သူ
ဘယ်လောက်ဘဲ ရင်ထဲမှာ ရှိနေကြပါစေတော့
သူ့မှာက ကိုယ်ပိုင်လမ်းနဲ့ ကိုယ့်မှာက ရွက်လှေပျက်တစ်စီး
ဘယ်လိုအတွေးနဲ့မှ လေထဲ အိမ်မဆောက်နိုင်ဘဲ
မျက်ရည်ထဲ ပက်လက် ရေကူးရပြန်တယ်။
ဝေးကြရအုံးမယ် ချစ်သူ
ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားခဲ့တဲ့ ရက်တချို့က
မထင်မှတ်ဘဲ ရင်ခွင်ထဲထိ အပြန်အလှန် သက်နှင်းဝင်ရောက်ခဲ့ရင်း
မခွဲချင်ဘဲ
ဝေးရာကို သူမက ဦးစွာဘဲ လက်ပြနှုတ်ဆက် သွားပါတော့မယ်။
ဆုံနိုင်ခွင့် ရှိပါအုံးမလား ချစ်သူ
မထင်မှတ်ဘဲ သူက ကိုယ့်ကို ချစ်တယ်တဲ့
ကိုယ့်ရင်ထဲ ဘယ်လောက်တောင် ဗလောင်ဆူသွားတယ် မသိ
တိတ်ဆိတ်စွာဘဲ ရင်ဘတ်ကို အကြိမ်ကြိမ်ထုရင်း
တသက်တာ သိမ်းထားရတော့မယ့်
အချိန်သေးသေးလေးမှာ
ဆုံနိုင်ခွင့် ရှိတဲ့ ဘ၀တိုင်းအတွက်
ဆုံနိုင်ခွင့် ရှိတဲ့ နေရာတိုင်းအတွက်
ဆုံနိုင်ခွင့် ရှိတဲ့ အိမ်မက်တိုင်းအတွက်
တခါကြုံ တသက်လွမ်း ဆိုတဲ့ လွမ်းချင်း
နောက်တခါ မငြီးရအောင်ကိုယ့်တို့ နှလုံးသားကို တခါ နမ်းရင်း
ဆုတောင်းရအောင်နော်။
စိတ်ကုန်တယ်
Friday, December 24, 2010
မြတ်နိုးစိတ် (ခရစ်စမတ် အမှတ်တရ)
ဒီနေ့ ပွင့်တဲ့ နှင်းဆီက ပန်းရောင်လေးပါ
ဒီနေ့ကျနေတဲ့ နှင်းလေးတွေက အဖြူရောင်လေးပါ
ဒီနေ့တိုက်တဲ့ လေပြေက ညင်းသွဲ့သွဲ့လေးပါ
ဒီနေ့ သူပြောတဲ့ စကားလုံးတွေက အေးမြမြလေးပါ
ဒီနေ့က ခရစ်စမတ်နေ့
Sunday, February 21, 2010
ခံစားချက်
ဖြစ်တတ်ပါတယ် လို့ တချို့ ကဖြေသိမ့်ကြတယ်
အလှည့်ဆိုတာ ရှိတယ်လို့လဲ အချို့ကတုန့်ပြန်ကြတယ်
သူတို့က သိပ်ကိုကောင်းလို့ ဆိုပြီးတော့လည်း တချို့က အမှန်ကို မြင်ကြတယ်
ခြင်္သေ့တွေက အမှတ်နောက်တစ်ခါ ဖြတ်သွားပြန်လို့ တောက်ခေါက်မိတယ် ဆိုပြီးတော့လည်း တချို့က ရင်ခံကြတယ်
မော်ကြီးက ခြင်္သေ့ကို သတ်အုံးမှာဆိုပြီးတော့လည်း တချို့က ဘေးတွေးတွေး ကြတယ်
အလယ်တန်းမရှိလို့ ဆိုပြီးတော့လည်း ဒီပွဲကျမှ အပြစ်တင်တဲ့သူကလည်း တင်ကြတယ် (ဆန်စီရိုည အောင်ပွဲကို မေ့သွားသူအချို့)
ဘာဘဲဖြစ်ဖြစ် ဘောလုံးဟာ လုံးတယ် မလုံးဘူးဆိုတာကို ကိုဘောလုံးက သူဘာသာ သူသိပါတယ်..
အဖြစ်တွေက ဟိုးတနေ့က အပျံသင်စ ငှက်ကလေးလိုဘဲ စိုးရွံစိတ်ကို အံကြိတ်ရင်း ဖြေတွေးလိုက်တာပါဘဲ
ပန်းတွေ ပွင့်တယ်ဆိုတာကို သူ့အလုပ်သူလုပ်တာပါဆိုပြီး လမ်းလျောက်ရင်း ပြုံးကြည့်သွားတာ အကြောင်းမဟုတ်ပေမဲ့ လက်ကားပြီး လျောက်သွားတဲ့ သူရဲ့ မသိစိတ်က မထင်မှတ်ဘဲ ခြွေချသွားတာကို မြင်လိုက်တဲ့ ဥယျာဉ်မှူးမှာတော့ မျက်ရည်တွေက ရွဲလို့ပေါ့..
ကတ္တိပါလမ်းပေါ်မှာ သက်တောင့်သက်သာဘဲ လျှောက်နေကြ ဆိုတော့ ငလျှင်လှုပ်တဲ့အချိန်ကို အံသြမိကြပေမဲ့ ဂျပန်လူမျိုးတွေကတော့ မိုးထိတိုက်ပေါ်ကနေ ဆင်းမလာကြဘူးဗျာ…
ဖြစ်တတ်ပုံက မဆန်းပေမဲ့ ကြောင်ကလေး ညောင်လို့အော်တာကို ပူတူးတူးလေး ငါ့ကို လွမ်းနေလားလို့ ပြောလိုက်တဲ့ မင်းသမီးလေးလိုဘဲ ချစ်တဲ့စိတ်နဲ့ သူပြောသမျှ နားလည်နေတာကိုလည်း ကျွန်တော်က မင်းသမီးလေးရဲ့ ပရိသတ်မို့ အားပါးတရ လက်ခုပ်တီးမိပါတယ်..
အရှည်ကြီးပြောရင် အဖေကြီးမောမှာစိုးလို့ ဆိုသလို ဒီလောက်နဲ့ ရပ်လိုက်တာဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်းလိုစိတ်ကြောင့်ဆိုတာ နားလည်ပေးကြမယ် ထင်ပါတယ် …




