RSS
Showing posts with label အတိတ်ခြေရာများ. Show all posts
Showing posts with label အတိတ်ခြေရာများ. Show all posts

Tuesday, April 27, 2010

အလွမ်း


အလွမ်း

တောတောင်တွေကြားထဲ ငါလေတယောက်တည်းသာ ခြေဆန့် ခရီးလှည့်နေတာ……
ငါသိပ်လွမ်းရတဲ့ သူ့ကို သတိရနေမိတယ်ဆိုတာ ပြောမယုံ ဘယ်သူသိနိုင်မတုန်း…
တောပန်းတွေ တလှေကြီး တွေ့နေရပေမဲ့ မင်းပန်ခဲ့တဲ့ ပန်းဖြူဖြူနဲ့ ငမိုးရိပ်တီးဟောက်ရှေ့က မင်းလောက် မစွဲမက်မိဘူး…
သေနတ်ထမ်းထားတဲ့ မင်းပုခုံးဖုဖုလေးကို ကြည့်မ၀တာကို အခုထိ မြင်ယောင်ဆဲမို့ မပျောက်ပြယ်နိုင်တော့ဘူး ထင်ရဲ့…
အခုဆို…. ခရီးရှည်ဆန့်လာတာ မနည်းလှတော့ပေမဲ့ မင်းကို တစက်ကလေးမျှ မေ့မရတော့…. ငါမေ့ချင်နေတာ မင်းမဟုတ်မှန်း…. ခရီးတွေ မိုင်ထောင်ချီမှ သိတော့တယ်….
လွန်ခဲ့တဲ့ နှစ်များကဆို ရူးမတတ် ဖြစ်ခဲ့ပေမဲ့ အခုတော့… အရူးတပိုင်းနဲ့ သေလူသက်သက် ဖြစ်နေရပြီ….
ငါသွားခဲ့တဲ့ ခရီးတွေ ကြမ်းနီရောင် ပြောင်းသွားတာ ကိုယ့်ဘာသာ မြင်ရတော့ သူ့အသားနုနု နေထိလို့ ဖြူအိုအို အသွေးနဲ့ အမွေးနုနုလေးတေက ငါ့စိတ်ကို ယားကျိကျိ ဖြစ်စေခဲ့တယ်…….
ပြီးတော့… အတိတ်မှာ ကျန်ရစ်ခဲ့မဲ့ ကြောင်တောင်တောင် ကောင်လေး တစ်ယောက်ဆိုတာ ငါသိတော့… သိချင်ခဲ့တော့…
မင်းမသိချင်တဲ့ သံယောဇဉ်ဆိုတာ
မင်းသိနေတဲ့ မင်းရင်ထဲက ငါဟာ
မင်းသိသွားခဲ့တဲ့ မင်းရင်ဘတ်ထဲက ငါ့ပုံရိပ်ဟာ
ငါ့ရင်မှာ မချိဖြစ်နေရတဲ့ သံယောဇဉ် ဆိုတာပါဘဲ….
သိရက်နဲ့ ခပ်စိမ်းစိမ်းဘ၀မှာ… ရှိရက်နဲ့ ဖွက်ထားရတဲ့ မုန့်လိုပေါ့…
ခလေးလိုလို မင်းအမူအရာ ချစ်စရာလေးကိုမှ ငါလေ….. မက်မပြေတော့….
ခက်လေလေ နှစ်တွေ ချီလို့ ကြာညောင်းခဲ့တဲ့ သံယောဇဉ် ဒီခရီးကို
မုန်းလေလေ မင်းဖြစ်နေခဲ့ရင်တောင်မှ
အသွေးတွေ အသားတွေ ဆုံးပါစေ ပေးနေပါ့မယ်
တသက်တာ တောင့်တအလွမ်းတွက်ပါလေ….




ရွှေစာရံဘုရားဝင်း၊ ခေတ္တသထုံ 5.9.2002 21:40