ဆင်ခံဗောဓီသတ္တဘုရားလောင်း ဆင်းတုတော်ကြီး တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူမြို့ကနေ ကီလိုမီတာ (၂၀၀)အကွာမှာရှိတဲ့ အော့မေတောင်ထိပ် (Mount Emei or 峨眉山)က ဗုဒ္ဓဆင်းတုတော်ကြီးပါ အရင်က ကျွန်တော်တို့ ဖတ်ဖူးကြတဲ့ သိုင်းဝတ္တုတွေထဲက အော့မေဂိုဏ်းရှိရာ အဲ့ဒီတောင်ဟာ မီတာပေါင်း (၃၀၉၉) ဒါမှမဟုတ် ပေပေါင်း ၁၀၁၆၇ရှိပါတယ်။
အော့မေတောင် ဆိုတာ တရုတ်ပြည်ရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အလေးအမြတ်ထားရာ တောင်ကြီးလေးလုံးရှိတဲ့ အထဲက အမြင့်ဆုံတောင်ဖြစ်ပါတယ်။ တခြားသာ တောင်လေးလုံးကတော့ ၀ူးထိုက်တောင်(Wutai Shan)၊ ကြိုဟွားတောင် (Jiuhua Shan) နဲ့ ဖူးထိုတောင် (Putuo Shan) တို့ဘဲ ဖြစ်ပါတယ်။ အေဒီ ၁၆ရာစု ၁၇ရာစုလောက်က အရမ်းကို ထင်ပေါ်ကျော်ကြားကြတဲ ရှောင်လင်ဘုန်းတော်ကြီး ကျောင်းတို့လို နာမည်ကြီးတဲ့ အော့မေဘုန်တော်ကြီးကျောင်းအဖြစ် တရုတ်ပြည်မှာတင် မက ကမ္ဘာမှာပါ ကျော်ကြားလို့ ယူနက်စကိုကနေ ကမ္ဘာ့အမွေအနှစ် စါရင်းကို ၁၉၉၆ခုနှစ်က စတင်သွတ်သွင်းထားပြီး လက်ရှိမှာလည်း အော့မေကျောင်းနဲ့ အဲ့ဒီ ပတ်ဝန်းကျင်က တောတောင်သဘာဝတွေကို ထိန်းသိမ်းစောင့်ရှောက်နတာကို တွေ့ရပါတယ်။
ကျွန်တော်ကတော့ အခုဓါတ်ပုံထဲက အော့မေတောင်နဲ့ ၀ူးထိုက်တောင်တို့ကိုဘဲ ရောက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ အဆင်သင့်ရင် အဆင်သင့်သလို ခ၇ီးထွက်နိုင်တဲ့ အချိန်နဲ့များ တိုက်ဆိုင်ခဲ့ရင် ကျန်တဲ့ တောင်နှစ်လုံးကို တက်ဖို့ ရွယ်ထားပါသေးတယ်။
အခုဘလော့လေးကို ကျနော့် မိတ်ဆွေ ကိုရှမ်းလေးရဲ့ အကုအညီနဲ့ ဖေဖော်ဝါရီင်္လ (၁၃)ရက်နေ့မှာ မှတ်မှတ်ရရ အပြီးသတ်သွားခဲ့ပြီး ချစ်သူများနေ့ဖြစ်တဲ့ ဒီကနေ့မှာ ပထမဆုံးဘလော့လေးတစ်ခုကို တင်လိုက်နိုင်ခဲ့ပါတယ်။ ကိုရှမ်းလေးရေ ကျေးဇူးအထူးတင်ပါတယ်ဗျာ။ ကျွန်တော်ရဲ့ ဆန္ဒကို အကောင်အထည်ပြုနိုင်ဖို့ ချက်ချင်းဘဲအားတက်သရော လုပ်ဆောင်ပေးတဲ့ အတွက် အကြွေးကြီးတစ်ခု တင်သွားရပါပြီ။